အပိုင်း ၆

5.5K 642 1
                                    

Unicode

  
စန်းယွမ်ယွမ်က ခေါင်းပင်မော့မလာခဲ့။

"သူနဲ့ ဘယ်တုန်းကမှ မဆုံဖူးဘူး"
  
လိမ္မော်ရောင်ကြောင်မကြီး၏ ဆံပင်မွေးတွေက ချက်ချင်းထောင်ထလာသည်။

"ဘယ်တုန်းကမှ မဆုံဖူးဘူး ဟုတ်လား။ နင်ငါ့ကို လိမ်ရဲတယ်ပေါ့လေ!"
  
စန်းယွမ်ယွမ်က အလွန်တည်ငြိမ်စွာဖြင့် သူမကိုဖျတ်ခနဲ ကြည့်လိုက်၏။

"စိတ်ဝိညာဥ်ချင်း ဆက်နွယ်မိတာလေ"
  
ယုံးယင်ယွဲ့ : "........."
  
ထပ်ပြီး...သူမမှာ နန်းတော်ထဲကလေတွေကအသက်ရှုဖို့ မလောက်မင ဖြစ်လာသလို ခံစားလာရပြန်သည်။
  
စိတ်ကိုငြိမ်အောင်ထားပြီးတော့မှ ယုံးယင်ယွဲ့က ဆိုလာသည်။

"ဘာပဲဖြစ်ဖြစ် တော်ဝင်အစ်ကိုတော်က သိပြီးသွားပြီပဲ။နင် နင်ငါ့အကြောင်းကို ဟန်လန်ရှေ့မှာ မပြောရဘူး။ဒီကိစ္စအားလုံးက ငါနဲ့မဆိုင်ဘူး။ ငါပြောတာကြားလား! နင် ဟန်လန်နဲ့တွေ့တာနဲ့ နင်ကငါ့အစ်ကိုတော်ကိုကြိုက်နေပါတယ်လို့ ချက်ချင်းပြောရမယ်။နည်းနည်းလေးတောင် နောက်မကျရဘူး!"

စန်းယွမ်ယွမ်က အဓိပ္ပါယ်ပါပါပြုံးလိုက်သည်။
  
"ငါ့ကိုဖြေ။ ငါပြောတာကြားလား"

ယုံးယင်ယွဲ့က စန်းယွမ်ယွမ်ကို ခပ်ကြမ်းကြမ်း တွန်းပစ်လိုက်၏။
  
အကြောသေအဆိပ်က ပြေသွားပြီဆိုပေမဲ့လည်း စန်းယွမ်ယွမ်၏ ခန္ဓာကိုယ်က အလွန်အားနည်းနေတုန်းပင်။ သူမ၏ အတွန်းခံလိုက်ရချိန်မှာ စန်းယွမ်ယွမ်ခမျာ ကုတင်ပေါ်သို့ အားပျော့စွာ နောက်ပြန်လဲသွားရသည်။
  
"အင်း ငါကြားတယ်"

အသံလေးက အလွန်ကျိုးနွံနေသည့်ဟန်။
  
ယုံးယင်ယွဲ့က စန်းယွမ်ယွမ်ကို စိုက်ကြည့်နေရင်း သူမမျက်လုံးတို့က တဖြည်းဖြည်းပြောင်းလဲလာသည်။
  
ခု သူမရှေ့မှာရှိနေသည့် သည်အမျိုးသမီး.....ဒီကိုယ်ဟန်အနေအထား၊ ဒီရုပ်ရည်က မယှဥ်သာအောင် သိမ်မွေ့ပြီး အရမ်းကာရော နူးညံ့လွန်းတယ်။ ဒီလိုမိန်းမမျိုးကို သူမဘာတွေပဲလုပ်လုပ် အမျိုးသားတွေက ခွင့်လွှတ်ပေးကြမှာ ဟုတ်တယ်မလား။
  
သူမနှလုံးသားထဲမှာ တခြားလူရှိနေတော့ရော ဘာဖြစ်သေးလဲ။ ဟန်လန်က သူမကို ပိုလို့တောင်ကောင်းကောင်းဆက်ဆံပေးပြီး သူမနှလုံးသားကို ပြန်ရဖို့ကြိုးစားလောက်မယ်ဆိုတာ ဘယ်သူသိနိုင်မှာလဲ။
  
သူမက အဲ့လူကိုသဘောကျတော့ရော ဘာဖြစ်လဲ။ သူမနဲ့ အဲ့လူက ဖြစ်နိုင်ခြေ သေးသေးလေးတောင် ရှိမနေဘူးလေ။
  
ယုံးယင်ယွဲ့သည် သူမ ရူးနှမ်းသည့် တစ်စုံတစ်ရာကို လုပ်မိသွားကြောင်း ရုတ်တရက်ကြီး ခံစားလိုက်ရသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now