အပိုင်း ၇

5.3K 600 0
                                    

Unicode

  
စောနကလေးတင် ကုတင်ပေါ်ကပြုတ်ကျချင်ယောင်ဆောင်ထားသော စန်းယွမ်ယွမ်ကတော့ ကျောက်စိမ်းခေါင်းလောင်းကို အောင်အောင်မြင်မြင် ဆွဲဖြုတ်ချနိုင်ပြီဖြစ်ကာ ယင်းက နှစ်ပိုင်းကွဲပြီး အစိမ်းရောင်အလင်းတန်းထွက်ပေါ်လာတာကိုလည်း ကိုယ်တိုင်ကိုယ်ကျ မြင်ပြီးချေပြီ။
  
မျှော်လင့်မိတာကတော့....ဟန်ရှောင်လင်တစ်ယောက် ခုညမှာ သူ့ကိုယ်ပေါ်ကကျောက်စိမ်းခါးပတ်ကို ခပ်ဝေးဝေး လွှင့်မပစ်လိုက်ဖို့ပင်။
  
အကယ်၍ ထိုနှစ်ယောက်ကသာ နန်းတော်တံခါးဝကနေ ကုတင်ပေါ်သွားသည့်လမ်းတစ်လျှောက် အဝတ်တွေချွတ်သွားမည်ဆိုလျှင်တော့....သူမ အခြေအနေက သိပ်ကိုဆိုးဝါးသွားပေလိမ့်မည်။
  
အမျိုးသမီးအိုကြီး၏ မီးတောက်လောင်နေသောလက်သည်းများကို ရှောင်တိမ်းနေရင်းဖြင့် စန်းယွမ်ယွမ်မှာ သူမ ဦးနှောက်ကို ဆက်တိုက်အလုပ်ပေးနေရကာ ဖရိုဖရဲမှန်းဆတွေးနေရသည်။
  
မကြာခင်မှာပင် သူမဟာ မျှော်လင့်ချက်မဲ့သည့်အခြေအနေတွင်းမှာ ညှပ်ပိတ်သွားတော့သည်။
  
မီးတောက်တွေက သူမပါးပြင်ကိုဖြတ်၍လောင်သွားချိန်မှာစပ်ဖျဥ်းဖျဥ်းနာကျင်မှုကို ခံစားလိုက်ရ၏။
  
သေရေးရှင်ရေးတမျှအရေးကြီးသော ထိုအခိုက်ဝယ် သူမသည် ကောင်းကင်နှင့်မြေကြီးကို တုန်ခါသွားစေလောက်သော ကျယ်လောင်သည့်အသံတစ်သံကိုကြားလိုက်ရပြီး ထူထဲသည့်ကြေးဝါရောင်နန်းတော်တံခါးမကြီးဟာ အပြင်ဘက်ကနေ ကန်ဖွင့်ခြင်း ခံလိုက်ရတော့သည်။
  
အမဲရောင်အဝတ်အစားကိုဝတ်ဆင်ထားသော ယောက်ျားတစ်ယောက်က နန်းတော်တံခါးရှေ့မှာပေါ်လာသည်။ ရှည်လျားသည့်အရိပ်ဟာ အခန်းတွင်းထိ ဆန့်ထွက်နေ၏။မမြင်ရသောဖိအားဟာ အခန်းတွင်း၌ပြည့်နှက်နေပြီး လူတွေ၏ ခြေနှင့်လက်တွေကိုပျော့ခွေကာ အသက်မရှုနိုင်အောင် ဖြစ်စေသည်။
  
သူဟာ အရပ်ရှည်ပြီး မြင့်မားကာ အနက်ရောင်ဆံနွယ်တို့ကို အနောက်ဘက်၌ ဖားလျားချထား၏။ကြမ်းပြင်မှာ လဲကျနေကြသော အစေခံတို့အား တစ်ချက်ကြည့်အပြီးမှာတော့ သူ၏တင်းမာခက်ထန်သောအမူအယာက ယခင်ကထက် ပိုအေးစက်သွားတော့သည်။
         
ယုံးယင်ယွဲ့မှာ လေအေးတစ်ချက် ရှုသွင်းမိသွား၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now