Unicode
အနမ်းက ရှည်တော့မရှည်ကြာခဲ့။
ထိုအနမ်းအပြီးမှာ စန်းယွမ်ယွမ်က အဝေးက မီးတောက်တွေဆီ စိုက်ကြည့်ရင်း သည်လောက်အရှုပ်အထွေးတွေကြားမှာ လင်ကူးနှင့် တခြားလူတွေ ချောချောမွေ့မွေ့ လွတ်မြောက်တန်ကောင်းပါရဲ့ ဟု ကျိတ်တွေးနေမိသည်။
တကယ်တော့ လူကသာ မလှုပ်မယှက်ဖြစ်နေပေမဲ့ စိတ်ကတော့ ဗြောင်းဆန်နေပါ၏။
မည်သို့ပင်ဆိုစေ လင်ကူးနှင့်တခြားသူတွေသေဆုံးပြီး သူမက ဟန်ရှောင်လင်ထံမှ အကျဥ်းချခံရကာ တစ်ဦးတည်းကို မူပိုင်ခစားရမည့် လိင်ကျွန်ဖြစ်လာမှာမျိုးနှင့်စာလျှင်တော့ လက်ရှိအခြေအနေက အများကြီးအဆင်ပြေသည်။
သူမအနောက်ရှိ မြွေကဲ့သို့ အေးစက်စက်ရှိလှသော အနှီအမျိုးသားက သူမလည်တိုင်ဘေးမှာ သူ့ပါးတစ်ခြမ်းကိုအပ်၍ မကြာခဏဆိုသလိုလည်း မထိတထိ နှာတရှုံ့ရှုံ့ လုပ်လျက်ရှိသည်။ သူ၏ လက်တွေကတော့ သူမခါးတစ်ဝိုက်မှာ ရှိနေကာ သူဘာတွေတွေးနေသလဲတော့ မသိရပါချေ။
အတော်လေးကြာတော့မှ သူက ပျင်းရိပျင်းတွဲဖြင့် ခန္ဓာကိုယ်ကို ပြန်မတ်ကာ ဇက်ကြိုးကိုဆွဲရင်း အလင်းကဲ့သို့အလျင်၊ လေကဲ့သို့သော အဟုန်မျိုးဖြင့် မြောက်ဘက်ပိုင်းဆီသို့ သူမကိုခေါ်ဆောင်သွားတော့သည်။
စန်းယွမ်ယွမ်က ခေါင်းလှည့်ကာ ယုံးဝူမင့်ပခုံးကိုကျော်၍ အနောက်ဘက်ကိုကြည့်လိုက်သည်။လူတွေကို ကယ်ဆယ်ဖို့ စစ်သည်တော်အများအပြားက ဂိတ်ပေါက်ကနေ မီးတုတ်တွေကိုင်ကာ ထွက်လာကြ၏။ဟင်းလင်းပြင် သဲကန္တာရထဲမှာတော့ လူတွေဟာ တိရစ္ဆာန်တွေအသွင်ပြောင်းလဲသွားကြကာ မီးတောက်တွေကလည်း နေရာတိုင်းမှာ တောက်လောင်နေလျက်ရှိသည်။သနားစရာကောင်းသည့် မချိမဆန့်အော်ဟစ်သံတွေကတော့ ညလေညှင်းနှင့်အတူ လွင့်ပါးသွားလေသည်။
သေချာသလောက်ကို ယုံးဝူမင့်က ထူးဆန်းထွေလာပါဝင်ပစ္စည်းတွေကို ထပ်ပေါင်းထည့်ခဲ့ဟန်ရှိပေ၏။
မိုးကုပ်စက်ဝိုင်းအောက်ဆီက မီးတောက်အလင်းရောင်တွေ မမြင်ရတော့သည့်အချိန်ရောက်တော့မှ သူမလည်း တောင့်တင်းနေသည့် လည်တိုင်ကို တွန့်ဆုတ်စွာဖြင့် လှည့်ကာ ခေါင်းကို ရှေ့ပြန်ပို့လိုက်ရသည်။
တစ်လက်စတည်းပင် သူမဟာ မျက်ဝန်းထောင့်စွန်းကနေ သူ့မျက်နှာကို လှပ်ခနဲ ခိုးကြည့်လိုက်၏။
သူ့မျက်နှာမှာ ဘာအမူအရာမှမရှိချေ။မျက်ဝန်းတွေထဲမှာ ပျင်းရိမှုတွေ ပြန်ရောက်နေကာ လျော့တိလျော့ရဲ ဖြစ်နေ၏။ အနည်းငယ်ကြုတ်ထားသော မျက်ခုံးနှင့် တင်းနေသော နှုတ်ခမ်းထောင့်စွန်းတို့မှာဖြင့် တစ်လုံးတည်းသော စကားလုံးဖြင့် ပြည့်နေဟန်က အထင်းသား ---ပျင်းစရာကောင်းတယ် ဟူ၍။
ကြည့်ရတာ ထိုလူလည်း သူမကဲ့သို့ပင် ထိုအနမ်းအပေါ်မှာ နည်းနည်းလေးတောင်မှ ခံစားချက်ရှိပုံ မပေါ်ပေ။
စန်းယွမ်ယွမ် စိတ်သက်သာရာရစွာ သက်ပြင်းဖွဖွချလိုက်ရသည်။
သူမလက်ချောင်းတို့က ခါးပေါ်က အိတ်ရှုံ့လေးကို စမ်းကြည့်လိုက်သည်။ ထိုအထဲမှာ ကျောက်စိမ်းအမိန့်ပြားနှစ်ခုကျန်သေး၏။ သူမအနေဖြင့် စန်းဘုရင်အား သစ္စာဖောက်တွေနှင့်ပတ်သက်သည့် သတင်းကို ပြောပြဖို့ လိုသည်ပင်။
"ကျွန်မ ဘေးကင်းတဲ့အကြောင်း ခမည်းတော်ကို သတင်းပို့လို့ရမလား"
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
KAMU SEDANG MEMBACA
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romansaစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️