အပိုင်း ၃၁

4.1K 511 6
                                    

Unicode

  
နောက်ရက်အနည်းငယ်အတွင်းမှာ ဟန်ရှောင်လင်က စစ်ချီဖို့ ပြင်ဆင်တာနှင့်ပတ်သက်ပြီး အလုပ်များနေခဲ့၏။ တစ်ချိန်တည်းမှာပင် သူ့မှာ ယုံးဝူမင့်နှင့်အတူ ဆီးဆောကစားသလိုမျိုး ရှေ့တိုးလိုက်၊ နောက်ဆုတ်လိုက်ဖြင့် ငြင်းခုန်လျက်ရှိပေသည်။
  
ခြေထောက်နှင့်မြေကြီး မထိအောင် အလွန်အလုပ်ရှုပ်နေသော်ငြား သူဟာ နေ့စဥ်နေ့တိုင်းအချိန်ယူ၍ ဟွေရင်နန်းဆောင်ဆီလာကာ စန်းယွမ်ယွမ်ကို ခဏမျှအဖော်ပြုပေး၍ စကားစမြည်ဆိုလေ့ရှိသေး၏။
  
ညဘက်ကတော့ ပြောနေစရာကို မလိုပါလေတော့။ဆားငံရည်ဟာ သောက်လေသောက်လေ ငတ်မပြေသည်မို့ ထိုမုန့်ဝူယုံးနှင့်အတူ ညစဥ်ညတိုင်း နွေဦးညတွေ ဖန်တီးနေလျက်ပင်။
  
အကယ်၍ လက်ရှိ 'စန်းယွမ်ယွမ်' က သူမမဟုတ်ဘဲ ဟန်ရှောင်လင်ကို စွဲလန်းနေသည့်မူလကိုယ်ဖြစ်နေပါက ဘယ်လိုခံစားနေရလောက်မလဲဟူသည်ကို သူမ တွေးတောင် မတွေးရဲပါပေ။ နှလုံးသားကို ဓါးဖြင့်မွှေသလို ခံစားချက်က ဘယ်လောက်များ နာကျင်လိုက်ပါ့မလဲလေ။
  
ယခင်ကလိုဆိုလျှင်တော့ ဟန်ရှောင်လင်နှင့်မုန့်ဝူယုံးတို့ အတူရှိနေကြချိန်မျိုးမှာ ထိုသူ့အနေဖြင့် အပြစ်ရှိစိတ်နှင့် မသက်မသာဖြစ်မှုတို့ ခံစားခဲ့ပေလိမ့်မည်။ အကြောင်းမူ စန်းယွမ်ယွမ် အပြင်းအထန်ဒဏ်ရာရကာ သေလုမြောပါးဖြစ်နေချိန် သူကတော့ အစားထိုးလေးနှင့် ချစ်မှုရေးရာကိစ္စတွေ လုံးထွေးနေခဲ့သောကြောင့်ပင်။
  
ခုကျ စန်းယွမ်ယွမ်က အသက်ရှင်နေသည်မို့ ထိုသူ့ပုံစံက လှောင်အိမ်ထဲက လွတ်သွားသည့် ငှက်တစ်ကောင်အလား ဖြစ်လာကာ ကျေနပ်နေသည့်ဟန်အမူအရာတွေကို ဖုံးကွယ်ထားဖို့တောင် တစ်စတစ်စ ပျင်းရိလာခဲ့ချေပြီ။
  
နေ့တွေကြာလာသည်နှင့်အမျှ စန်းယွမ်ယွမ်ကို စကားပြောဆိုရာ၌လည်း တဲ့တိုးဆန်ကာ ပွင့်လင်းသထက်ပွင့်လင်းလာခဲ့ပေ၏။
  
သည်နေ့မှာလည်း ထိုသူက သူမ လက်ကိုညင်သာစွာ ပွတ်သပ်နေကာ အသံမှာလည်း နူးညံ့၍ နွေးထွေးလျက်။

"စန်းအာ...ကိုယ်စစ်ပွဲက ပြန်လာရင် မင်းခန္ဓာကိုယ်လည်း သက်သာလာလောက်ပြီ ဟုတ်တယ်မလား။ ကိုယ့်ကို အဲ့လောက်အကြာကြီးထိ စောင့်ခိုင်းထားမှာဆိုတော့ ဘယ်လိုလျှော်ကြေးပေးမှာလဲ ဟင်...မင်း ကိုယ့်ကိုခစားဖို့ အသင့်ဖြစ်တာနဲ့ ကိုယ်တခြားလူရဲ့လက်တစ်ချောင်းတောင် မထိတော့ဘူး။ စန်းအာ...ကိုယ့်နှလုံးသားတစ်ခုလုံးက မင်းအတွက်ပါပဲကွာ"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now