အပိုင်း ၉၀

2.9K 381 3
                                    

Unicode


စန်းယွမ်ယွမ် : "....."

သည်နေ့ထိ သူမအစ်ကို၏ နာမည်က စန်းပုကျင့်[1]ဆိုတာ မသိခဲ့ချေ။

စန်းလူအိုစုံတွဲ၏ နာမည်ပေးသည့်လယ်ဗယ်ကတော့ မချီးကျူးဘဲကို မနေနိုင်တော့ပါချေ။

ရန်စခံရမှုကြောင့် ဟန်ရှောင်လင်ကလည်း ရယ်မောလိုက်၏။

"စန်းအိမ်ရှေ့စံ..လွန်လွန်ကဲကဲတွေ ပြောနေစရာမလိုပါဘူး။ဒါက မင်းတို့စန်းပြည်နယ်ရဲ့ အကြံအတိအကျပဲလေ။ မင်းက ကြောင်နဲ့ကြွက်လိုပဲ ကစား ကစား ဒါမှမဟုတ် ရှေ့တစ်လှမ်းတိုးဖို့ နောက်နှစ်လှမ်းဆုတ်တာဖြစ်ဖြစ် ကိစ္စမရှိဘူး။ကျုပ်က ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပြီးသား။ ပြီးတော့ ပြန်ဆုတ်စရာ ဘာအကြောင်းမှလည်း မရှိတော့ဘူး။ အဲ့ဒါက မင်းပဲဖြစ်ဖြစ် ကျုပ်ပဲဖြစ်ဖြစ်ပေါ့"

သူက တဟင်းဟင်းရယ်ရင်း တမင်ယဥ်ကျေးပြထားသည့်အသံနှင့် ဆက်ပြောလိုက်သည်။

"စန်းမျိုးနွယ်စုကမင်းသမီးက ပြိုင်ဘက်ကင်းအောင် ချောမောတဲ့သူပဲလေ။ သူဒုတိယတစ်ကြိမ်လက်ထပ်ချင်တယ်ဆိုရင်တောင် တော်ဝင်မြေးတော်တွေနဲ့ ဆွေကြီးမျိုးကြီးအထက်တန်းစားတွေက လာတောင်းရမ်းကြဦးမှာပါ။သူ့တစ်ဘဝလုံးအတွက် နေစရာမရှိဖြစ်နေမှာကို စိတ်ပူစရာမလိုပါဘူး"

ထိုသို့ပြောလိုက်ခြင်းက စန်းယွမ်ယွမ်၏ အဆင့်အတန်းအား အလိုအလျောက်နှိမ်ပြောလိုက်ခြင်းနှင့် အတူတူပင်။ အစက သူမဟာ ဘုရင်တစ်ပါး၏ ပင်မဇနီးကြီးဖြစ်ပြီး သူမသာ ထပ်မံလက်ထပ်ပါက ကိုယ်လုပ်တော်နေရာသာ ရတော့မည် ဖြစ်သည်။

စန်းအိမ်ရှေ့စံက အနည်းငယ်မျက်မှောင်ကြုတ်လိုက်ရင်း

"အဲ့ဒါ မင်းစိတ်ပူစရာ မလိုဘူး"

ဟန်ရှောင်လင်က ပြုံးသည်။

"ဘာလို့စန်းမင်းသမီးက ဒီလောက်အချိန်ဆွဲနေပါလိမ့်"

သူ နောက်လှည့်ကြည့်လိုက်သည့်ခဏမှာပင် အဖြူရောင်ဝတ်ထားသည့်အမျိုးသမီးက သိမ်မွေ့စွာဖြင့် ခြေတစ်ဖက်ရှေ့ထုတ်ကာ ဒူးညွတ်၍ အရိုအသေပေးလိုက်တာကို မြင်လိုက်ရသည်။

"ဧကရာဇ်ကို ဂါဝရပြုပါတယ်"

အမျိုးသမီးဧကရာဇ်က ကြီးမားလှသည့် ရွှေရောင်စားပွဲခုံကြီးနောက်မှာ မတ်မတ်ထိုင်နေသည်။ သူမ၏ အနီရောင်နှင့်ရွှေရောင်အဝတ်အစားများက ဘယ်တစ်ဖက်ညာတစ်ဖက်သို့ ပြန့်ကားကျဆင်းနေ၏။ သူမမျက်လုံးအဖျားနားမှာတော့ ပျံသန်းနေသည့် အနီရောင်ဇာမဏီငှက်ကို တက်တူးထိုးထားသည်။ ဟင်္သာပြဒါးကဲ့သို့ ရဲရဲနီနေသောနှုတ်ခမ်းလွှာနှင့်အတူ တစ်ပါးသူအား လှုံ့ဆော်ဖမ်းစားစေနိုင်သော အလှလေးတစ်ပါးပင်။

အလွန်အမင်းလှပကာ အလွန်အမင်းကျက်သရေရှိပေမဲ့ ညို့ဓါတ်ရယ်လို့ နည်းနည်းလေးတောင်မရှိဘဲ လေးနက်သည့် အင်္ဂါရပ်တို့သာရှိနေသည်။

အမျိုးသမီးဧကရာဇ်၏ နီရဲသောနှုတ်ခမ်းလွှာက အနည်းငယ်ဟ,လာကာ ခပ်ဖြည်းဖြည်းဆိုလာ၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now