အပိုင်း ၆၅

3.4K 451 17
                                    


Unicode
  
မည်သို့ပင်ဆိုစေ အားလုံးက သူမဟာ ထိုအရူး၏ လူမှန်းသိနေကြသည်ဖြစ်ရာ သူမသည်လည်း ပုံမှန်လို ပြုမူမနေတော့ချေ။
  
မုန့်ဝူယုံးက ထိတ်လန့်သွားကာ နောက်နှစ်လှမ်းလောက် ဆုတ်သွား၏။

"ဘာလို့...နင် ဘာလို့ ဒီလိုလုပ်ရတာလဲ"

စန်းယွမ်ယွမ်က ဓါးဖျားဖြင့် ရွယ်ပြရင်း နောက်သို့ အတင်းဆုတ်စေလိုက်သည်။
  
မုန့်ဝူယုံး၏ မျက်လုံးရွဲကြီးများက အမြန်အဆန်ပင် မျက်ရည်များဖြင့် ပြည့်လျှမ်းလာ၏။

"ဟန်ရှောင်လင်က ဘယ်လိုလုပ် ဒီလိုလူမျိုးကို သဘောကျနေရတာလဲ...သူပြောတော့ ကြင်နာပြီး နူးညံ့တဲ့မိန်းကလေးမျိုးကို သဘောအကျဆုံးဆိုပြီးတော့"
  
"ဘယ်သူကရော သူသဘောကျတာ လိုချင်နေလို့လဲ"

စန်းယွမ်ယွမ်က လက်ထဲကဓါးကို ဝေ့ယမ်းလိုက်ရင်း

"ထွက်သွား"
  
မုန့်ဝူယုံးက သူမပါးစပ်ကိုအုပ်ရင်း အတိုင်းအဆမသိစွာ တုန်လှုပ်သွားတော့သည်။
  
"ဒီမှာ..ဒီမှာ မိန်းကလေးဆိုလို့ ငါတို့နှစ်ယောက်ပဲရှိတာလေ။ ငါတို့အချင်းချင်း စောင့်ရှောက်သင့်တယ်မဟုတ်လား။ နင်ဘာလို့များ ဒီလောက်ယောက်ျားအများကြီးကြားမှာ ရောနှောနေမှာလဲ"
  
တောင့်တင်းသန်မာသော ဤစစ်သားများမှာ သူမအပေါ် အလွန်ဖိအားသက်ရောက်နေစေသည်။ သူမမှာ ဝံပုလွေအုပ်အလယ်ရောက်နေသော ယုန်ဖြူလေးလိုဖြစ်နေကာ အနွေးဓါတ်ရဖို့ နောက်ယုန်တစ်ကောင်နှင့်အတူ ပွေ့ဖက်နေဖို့ရာ မစောင့်နိုင်တော့ချေ။
  
ထိုစကား ထွက်လာသည်နှင့် တစ်ပြိုင်နက် စန်းယွမ်ယွမ်နှင့်အတူ ရင်ဘောင်တန်းကာ တိုက်ခိုက်ခဲ့ကြသော လူများမှာ ချက်ချင်းကို မနှစ်မြို့မှုတွေ ပြလာကြတော့သည်။
  
ကြံ့ကြံ့ခိုင်ခိုင် အမျိုးသားတစ်ယောက်က သွေးတွေပေနေသော သွားတွေပေါ်အောင် ရယ်လိုက်ရင်း အထင်အမြင်သေးစွာ ဆိုလာသည်။

"နတ်ဆိုးတွေက မင်းရင်ဘတ်ရှေ့မှာ အသားပိုနှစ်ခု ပါမပါတောင် ဂရုစိုက်တာမဟုတ်ဘူး မိန်းကလေး!"
  
မုန့်ဝူယုံးမှာ ပြင်းပြင်းထန်ထန်စော်ကားခံလိုက်ရသည့်ပုံပေါက်သွားသည်။ သူမက မယုံကြည်နိုင်စွာ ခေါင်းခါယမ်းရင်း နောက်သို့ ဆုတ်သွားလေတော့သည်။
  
စန်းယွမ်ယွမ်မှာ မရယ်ဘဲနှင့်ကို မနေနိုင်တော့ပါချေ။
  
အနှီစစ်မြေပြင်မျိုးမှာ ကျား၊မ ခွဲခြားတာမျိုး ဘယ်မှာရှိပါအံ့နည်း။ စစ်သည်တော်ကြီးပြောတာ ရိုင်းပျပေမဲ့ တကယ်တမ်းကျ စကားလုံးရိုင်းတာသာရှိသည်။ အကျိုးအကြောင်း မဆီလျော်တာမရှိပေ။ တစ်စုံတစ်ယောက်မှာ ရင်းနှီးကျွမ်းဝင်သည့်အပြုအမူတွေလုပ်ပြဖို့ အချိန်ရှိနေပါက ယင်းအချိန်တွေကို နတ်ဆိုးတွေသတ်သည့်နေရာမှာ သုံးလိုက်တာမှ ပိုကောင်းပေဉီးမည်ပင်။

သစ်သားဒြပ်စင်စွမ်းရည်က နာကျင်နေသော ကြွက်သားများကို သက်သာစေသည်။ သူမက မြန်မြန်ဆန်ဆန်ပင် အနားယူလိုက်ကာ သူမလက်နှင့် အံမကိုက်သည့် ဓါးကိုယူ၍ ထပ်မံသတ်ဖြတ်ဖို့ရာ ရှေ့တန်းသို့ ပြန်လာခဲ့လိုက်သည်။
  
သူမဟာ ကျင့်ကြံရေးမှာ အဆင့်နိမ့်နေပေမဲ့လည်း အကနှင့် ကိုယ်ခံပညာကို ယခင်ဘဝမှာတုန်းက အပြင်းအထန်လေ့ကျင့်ခဲ့ဖူးသည်။ သူမခန္ဓာကိုယ်က အလွန် ပျော့ပြောင်းကာ ကွေးလွယ်ဆန့်လွယ်ပြီး အရပ်အမောင်းက သေးကွေးတာကြောင့် စစ်သည်တော်တွေအတွက် ဟာကွက်ကိုစစ်ဆေးပေးကာ ဖြည့်ပေးဖို့ အသင့်တော်ဆုံးဖြစ်လေသည်။
  
သူမအကူအညီကြောင့် ဖိအားတွေ အတော်ကြီး နည်းသွားကြ၏။ ထို့အပြင် သူမဟာ သစ်သားဒြပ်စင်ကျင့်ကြံရေးသမားဖြစ်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now