အပိုင်း ၃၄၂- ၃၅၀

1.1K 132 2
                                    

အပိုင်း ၃၄၂

စန်းယွမ်ယွမ်က သူမရှေ့က ဦးထုပ်အမြင့်နှင့် တာအိုဘုန်းတော်ကြီးကို အာစေးမိစွာ ကြည့်လိုက်မိသည်။

ဘာကြောင့်ရယ်မသိ။ သူ့ပုံစံက နည်းနည်းရင်းနှီးနေသလို သူမခံစားရသည်။

အနှီကောင်းကင်ဘုံ၏ သူတော်စင်ဟာ သုံးဆယ်နှင့် လေးဆယ်ကြားမှာပင်ရှိဦးမည်။ ချောမောကာ အနုစိတ်သောမျက်နှာရှိပြီး အလွန်ကောင်းမွန်သော သွင်ပြင်နှင့် မွေးဖွားလာခဲ့၏။ တစ်ခုသာ။ ထိုကဲ့သို့ သူများထက် သာလွန်သည်ဟု ထင်နေကြသော လူများဟာ လူတွေ၏ အသက်အိုးအိမ်ကို အာဏာရှင်ဆန်ဆန် ကိုင်တွယ်တတ်ကြသည်။ တကယ့်ကို ပညာရည်မပြည့်ဝသော လူစားမျိုးပင်။

စစ်သည်တော်တွေက သူတို့လက်နက်တွေ ဆွဲထုတ်၍ ခြံဝန်းထဲ တစ်ဟုန်ထိုးဝင်ကာ စန်းယွမ်ယွမ်တို့လေးယောက်ကို ဝိုင်းထားလိုက်ကြသည်။

"ကောင်းကင်ဘုံဗိမ္မာန်တော်က လူတဲ့လား"

ယုံးဝူမင့်က မျက်ခုံးပင့်ကာ သာမန်ကာလျှံကာဆိုသည်။

ဦးဆောင်လာသော စစ်သူကြီးက မျက်လုံးကို အနည်းငယ်ကျဥ်းကာ ယုံးဝူမင့်၏ စစ်ချီသံချပ်ကာကို စိုက်ကြည့်ရင်း

"ယုံးပြည်နယ်က စစ်သည်တော်လား။ မင်းတော့ ကံဆိုးပြီပဲ! မင်းအပြစ်တင်ချင်ရင် မင်းရဲ့ကံဆိုးမှုအတွက်သာ အပြစ်တင်! ကိုယ် ဝင်မရှုပ်နိုင်တဲ့ကိစ္စကို လာဝင်ရှုပ်တာကိုးကွ"

ယုံးဝူမင့်က ခဏမျှမင်သက်သွားပြီးမှ တိုးဖွပေါ့ပါးသောရယ်သံတစ်ချက်ပြုလာသည်။

"...ဒီလောကကြီးမှာ ငါ ယုံးဝူမင့် ဝင်ရှုပ်မရတဲ့အရာ ရှိသေးလို့လား"

"ယုံးဝူမင့်လား ! !"

 
တစ်ဖက်လူ ကြက်သေသေနေစဥ် ယုံးဝူမင့်က အနက်ရောင်လိပ်ပြာအကြီးကြီးကဲ့သို့ ပေါ့ပါးစွာ တစ်ချက်ခုန်ရင်း ကိုယ်တစ်ချက်လှည့်ကာ အလင်းတစ်ချက်နှင့်အတူ ဓါးကို ဆွဲထုတ်လိုက်သည်။

သူ မူလနေရာပြန်ကျလာချိန်၌ ဓါးဦးကို အောက်စိုက်ထားကာ သွေးစက်တွေက ဓါးဦးချွန်မှာစုဝေးနေပြီး တစ်စက်ချင်းစီ အောက်ကျကာ အင်္ဂတေသားမြေပြင်ပေါ် တတောက်တောက်သံဖြင့် ရိုက်ခတ်နေလျှက်ရှိ၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now