အပိုင်း ၂၁

4.4K 531 0
                                    

Unicode

  
နိမ့်တစ်ခါ ကျယ်တစ်လှည့်ဗုံသံများက ဟန်မြို့တော်နားသို့ တဖြည်းဖြည်းချဥ်းကပ်လာလေ စန်းယွမ်ယွမ်၏ နှလုံးသားက မတတ်သာစွာ စိုးရိမ်ပူပန်လာလေပင်။
  
သူမဟာ ဟန်ဘုရင်၏ တရားဝင်ပင်မဇနီးကြီးဖြစ်သည်မို့ ယခုညစားတော်ပွဲကြီးကို မဖြစ်မနေ တက်ရောက်ရမည် ဖြစ်၏။
  
ယုံးဝူမင့် သူမကို မှတ်မိနေမလား၊ မမှတ်မိဘူးလားဆိုတာ စန်းယွမ်ယွမ်လည်း မသေချာလှပေ။
  
သူမအသက်ကို ကာကွယ်ဖို့ ကျောက်စိမ်းအမိန့်တော်ပြားနားကို ကပ်ပြီး "ကျွန်မ ရှင့်ကို သဘောကျပါတယ် ယုံးဘုရင်" ဟု ပြောခဲ့ရသည့်နေ့အကြောင်း တွေးမိသွားတော့ သူမမှာ သွားတွေတောင် ကိုက်လာသလိုလို။
  
ကျောက်စိမ်းထဲစိမ့်ဝင်နေသည့် သွေးဟောင်းတွေနှင့် သူမအနားကပ်ပြောခဲ့ရသည့် ကျောက်စိမ်းအမိန့်ပြားဟာ သူမစိတ်ထဲရှိ ယုံးဝူမင့်ကို အပြည့်အဝဖော်ကြူးနေသယောင်တောင် ထင်ရသည်။
  
သွေးဆာနေတဲ့ နတ်ဆိုးကောင်....လို့လေ။
  
ကိစ္စတော့မရှိလှ။
  
အကယ်၍ သူမဘက်က ပြဿနာမွှေသလိုဖြစ်သွားလျှင်တောင် ယင်းက ဟန်ရှောင်လင်နှင့် ယုံးဝူမင့်ကြားက ကိစ္စတစ်ရပ်အဖြစ် ပါဝင်သွားလိမ့်မည်ဖြစ်သည်။
  
ယွင်နိုင်ငံတော်ရှိ ၁၈နယ်မြေက အမျိုးသမီးများ၏ အဆင့်အတန်းက နှိမ့်ချခံထားရသည်။တစ်စုံတစ်ရာ ဖြစ်ပျက်ပါက သူတို့နှင့် သက်ဆိုင်သော ယောက်ျားသားများသာ ရှေ့တက်၍ တိုက်ခိုက်ကြရပေသည်။

ထိုယူဆချက်များကို အသာထားပါဦး။ အကယ်၍ ယုံးဝူမင့်က ဟန်ရှောင်လင်ကို သတ်လိုက်နိုင်သည်ဆိုလျှင်တောင် လင်ကူး၊ စန်းအကြီးအကဲများနှင့် တခြားလူများဟာ ဗြောင်းဆန်နေသည့်အခြေအနေကို အခွင့်ကောင်းယူ၍ သူမကိုကာကွယ်ကာ စန်းပြည်နယ်သို့ လွတ်လွတ်ကျွတ်ကျွတ် ပို့ဆောင်ပေးမည်ပင်။
  
ဆိုတော့ ကြောက်နေစရာ အကြောင်းကို လုံးဝမရှိပါချေ။
  
စိတ်ပိုင်းဆိုင်ရာ ပြန်တည်ဆောက်အပြီးမှာတော့ စန်းယွမ်ယွမ်က မှန်တင်ခုံရှေ့မှာထိုင်ကာ အစေခံတွေက အဝတ်အစားကူလဲပေးနေတာကိုသာ ငြိမ်ငြိမ်လေး လက်သင့်ခံနေလိုက်လေသည်
  
မည်သို့ပင်ဆိုစေ ပြည်နယ်တစ်ခု၏ဘုရင်အား ကြိုဆိုဖို့ရာ နန်းတော်စားသောက်ပွဲတော်တစ်ခုကို ကျင်းပရမည်ပင်ဖြစ်သည်။ ယင်းက လျစ်လျူရှုထား၍ မရသော ကျင့်ဝတ်တစ်ခုပင်။
  
စန်းယွမ်ယွမ်က လေးလံသည့် ရွှေတွဲလဲ၊ ငွေတွဲလဲများဖြင့် ပြုလုပ်ထားသည့် အနက်ရောင် ရိုးရာဝတ်စုံကို ဝတ်ဆင်လိုက်သည်။ အနုစိတ်သည့်ချည်ထိုးပုံစံများဟာ ရင်ဘတ်အရှေ့ဘက်နှင့်အနောက်ဘက်မှာ အလွှာချင်းထပ်လျက်ရှိနေပြီး စကပ်ကိုလည်း မီးလျှံအညီးညီးထနေသည့် ဇာမဏီငှက်ပုံစံ ထိုးထား၏။သူမနောက်ကျောဘက်မှာတော့ ရွှေချည်မျှင်အပြည့်ရှိနေသည့် ရှည်လျားလှသော ဝတ်ရုံရှည်ကြီးရှိနေကာ ခြေလှမ်းဆယ်လှမ်းလောက် လှမ်းသည်အထိ နောက်မှာ တရွတ်တိုက်ပါလျက်ရှိပေသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now