အပိုင်း ၉၁

2.9K 385 3
                                    


Unicode


ဟန်ရှောင်လင် သူ့ခေါင်းကို မယုံကြည်နိုင်စွာ ခါယမ်းလိုက်မိ၏။

စန်းယွမ်ယွမ်က အပြုံးနှင့်အတူ အနားတိုးလာသည်။ သူမက သူ့လက်အား နည်းနည်းလေးတောင် တုံ့ဆိုင်းမှုမရှိဘဲ ဆွဲယူကာ ရွှေရောင်မီးလျှံဓါးသွားပေါ်သို့ အတူတကွတင်လိုက်၏။

သူက ခုခံနေရင်း အလွန်အမင်းတုန်ယင်နေသည့်လက်တွေကို အလိုလိုပြန်ဆုတ်နေမိသည်။

သို့သော်လည်း ထိုနူးညံ့သည့်လက်တစ်ဖက်က သူ့လက်ဖမိုးပေါ်ကနေ ခပ်တင်းတင်းအုပ်မိုးကိုင်ထားကာ နောက်ပြန်ဆုတ်ဖို့ ခွင့်မပြုချေ။

သူ့နှလုံးသားက အပြင်းအထန်ခုန်ပေါက်သွားရင်း သူမထံ မယုံကြည်နိုင်စွာ စိုက်ကြည့်လိုက်မိသည်။

သူ့မှတ်ဥာဏ်ထဲမှာ စန်းယွမ်ယွမ်ဆိုတာ မုန့်ဝူယုံးနှင့် အတူတူပင်ဖြစ်သည်။ နှစ်ယောက်လုံးက သိမ်မွေ့ပြီးအားနည်းသည့်အမျိုးသမီးများပင်။ အနည်းငယ် ဟန်ဆောင်ကာမူပိုတတ်ပြီး တစ်စုံတစ်ယောက်၏ ဂရုစိုက်ပေးခြင်းကို အမြဲလိုအပ်နေသော သိမ်မွေ့သောပန်းများသာ ဖြစ်၏။

သူမက...ဘယ်လိုလုပ် သူမက သည်လိုနွဲ့နွဲ့နှောင်းနှောင်းနဲ့ ကျောမတ်မတ် ရှိနေရတာလဲ။

သူမက စန်းပြည်နယ်က မင်းသမီးတစ်ပါးလေ။ ဘယ်လိုလုပ်ပြီး ဒီလိုစစ်ပွဲမျိုးမှာ ဓါးတစ်ချောင်းကိုင်ပြီး စစ်သားတွေနဲ့ရောနှောလို့ နတ်ဆိုးမိစ္ဆာတွေရဲ့ခေါင်းကို တစ်ခေါင်းပြီးတစ်ခေါင်း ခုတ်နေနိုင်မှာတဲ့လဲ။

သူမက သွေးနည်းနည်းလေး မြင်တာနဲ့ အရမ်းကြောက်လန့်နေတာ မဟုတ်ဘူးလား။

ဂုဏ်သိက္ခာကြီးမားပြီး အားနည်းတဲ့ စန်းမင်းသမီးနဲ့ သူ့မှတ်ဥာဏ်ထဲက ကြမ်းတမ်းပြီး ဖြောင့်မတ်တဲ့ပုံရိပ်လေးကို ဆက်စပ်ကြည့်ဖို့ဆိုတာ တကယ့်ကို မဖြစ်နိုင်ဘူး။

သူမဟာ ဧကရာဇ်က ယုံးဝူမင့်ကို လုပ်ကြံဖို့ပို့ထားသည့်အမျိုးသမီး စစ်သူကြီးဟု ခုနလေးတောင် သူတွေးထားလိုက်မိသေးသည်။

"ကိုယ်..."

ထိုလက်သေးသေးလေးကတော့ သူ့လက်ကိုဆွဲကာ ရွှေရောင်မီးလျှံဓါးသွားအဖျားပေါ်တင်၍လက်ထပ်စာချုပ်ပေါ် ဖိချနေပြီဖြစ်သည်။

အမျိုးသမီးဧကရာဇ်က ရယ်မောရင်း ဆိုလာသည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now