အပိုင်း ၈၂

3.2K 372 0
                                    

Unicode


အသက်ပြင်းပြင်းရှုရင်း စန်းယွမ်ယွမ်ဟာ ခေါင်းကို ဖြည်းဖြည်းချင်းစီ လှည့်လိုက်၏။

သူမအနောက်၌ တန်ဖိုးကြီးသားနားသော ကျောက်စိမ်းညောင်စောင်းတစ်ခုသာ ရှိလေသည်။

"ဟူး...."

သူမ မနေနိုင်စွာပင် ကျိတ်ရယ်လိုက်မိသည်။

သူမတကယ်ပဲ စိတ်ကူးယဥ်လွန်းနေပြီပဲ။

ဒါက ထျန်းတုလေ!

ဧကရာဇ်ရဲ့ တော်ဝင်နယ်မြေအတွင်းမှာ ဘယ်လိုလုပ် ထူးဆန်းတဲ့အရာမျိုးက ခိုးဝင်လာနိုင်မှာတဲ့လဲ။

သို့သော်လည်း ထိုသို့တွေးလိုက်ချိန်မှာ သူမ ရှင်းမပြနိုင်စွာ ကြက်သေသေသွားတော့သည်။သူမကို စိတ်အနှောင့်အယှက်ဖြစ်စေသော အနံ့မျိုးက ယုံးဝူမင့်ဟုတော့ သူမ မထင်ပါ။

အကြောင်းမူ ခုလေးတင် သူမဟာ ထို"အရာ"ပေါ်မှာ မသိစိတ်ကနေ ငြင်းပယ်ပြီးလုံးဝကို ရွံရှာနေသလိုမျိုး ခံစားလိုက်ရသောကြောင့်ပင်။

ယုံးဝူမင့်သာဆို သူမ ထိုသို့ခံစားရမည်မဟုတ်ပေ။

ဒါဆို....ဘယ်လိုတွေဖြစ်ကုန်တာလဲ။

သူမ ကိုယ့်ဟာကိုယ်မေးခွန်းထုတ်ကာ ကိုယ့်ဟာကိုယ် ကြောင်အမ်းနေမိသည်။

အကယ်၍ ယုံးဝူမင့်သာတကယ်ပဲ သူမနောက် ခိုးကြောင်ခိုးဝှက်လိုက်ခဲ့ကာ ညကိုအခွင့်ကောင်းယူပြီး သူမနေသည့် နန်းဆောင်ထဲ ခိုးဝင်လာခဲ့လျှင်ရော....ဘယ်လိုလုပ်ရမလဲ။

သူမ သူ့ကိုပြုံးပြုံးလေးနဲ့ အဖော်ပြု သရုပ်ဆောင်ပေးရမှာပေါ့လေ။

ထိုသို့တွေးမိသွားတော့ သူမနှုတ်ခမ်းထောင့်စွန်းတို့က မသိလိုက်စွာ ကော့တက်သွားရင်း ခပ်ဖျော့ဖျော့အပြုံးလေး ပေါ်လာလေသည်။

သူမစိတ်က အနည်းငယ်ပြေလျော့သွားရုံရှိသေး ။ နောက်ထပ် မသင်္ကာစရာအနံ့ဖျော့ဖျော့က သူမပါးပြင်ကို လျှပ်တိုက်ပြေးသွားပြန်သည်။

စန်းယွမ်ယွမ် ရုတ်တရက် သူမမျက်လုံးတွေကို ခပ်ကျယ်ကျယ်ဖွင့်လိုက်သည်။

သူမဦးရေပြားတွေက ထုံကျဥ်လွန်းလို့ အနည်းငယ်တောင် တဆတ်ဆတ်တုန်သွားရသည်။

သူမရှေ့မှာ ဘာမှမရှိဘူးဆိုတာ သူမသေချာသိသည်။

ဤကမ္ဘာကြီးက ဆန်းကြယ်ပေမဲ့လည်း ကျင့်ကြံဆင့်မှာ အမြင့်ဆုံးဖြစ်နေသည့် ဧကရာဇ်တောင် စိတ်ဝိညာဥ်ပါရမီထူးနယ်ပယ်မှာ နဝမဆင့်ရောက်သည့် တစ်ဦးတည်းသောအကျော်အမော်ဆိုပေမဲ့လည်းမြေလျှိုးမိုးပျံနိုင်စွမ်းတော့ ရှိမည်မထင်ချေ။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now