အပိုင်း ၁၇၆ ၁၇၇ ၁၇၈ ၁၇၉ ၁၈၀ ၁၈၁ ၁၈၂ ၁၈၃ ၁၈၄ ၁၈၅

2.8K 297 11
                                    

Unicode

အပိုင်း ၁၇၆

စန်းယွမ်ယွမ်က ရထားလုံးတံခါးကိုပိတ်လိုက်ကာ ယုံးဝူမင့်ဘေးနားမှာ ထိုင်ချလိုက်သည်။

သူတို့တွေ သေခြင်းကနေ ခုမှလွတ်ရုံရှိသေးသည်မို့ စန်းပုကျင့်နှင့်သူမက အပြင်ဘက်ကဝင်ရိုးပေါ်မှာ အတူထိုင်ကာ နေဆာလှုံရင်း လေနွေးနွေးကို ခံစားနေမိကြသည်။ နှစ်ယောက်သားက အနည်းငယ်ပျော်မြူးကာ တော်တော်ကျယ်ကျယ်လောင်လောင်ပင် ရယ်မိသွားကြသေးသည်မို့ ရထားလုံးထဲက ဒဏ်ရာရနေသည့်လူကို ဂရုစိုက်ပေးဖို့ မေ့လျော့သွားခဲ့ကြ၏။

သူ အတော်ဒေါခွီးနေမှာ သေချာပေါက်ပင်။

ရထားလုံးတစ်ခုလုံးက မှောင်မိုက်ကာ အေးစက်နေသည်။အပြင်ဘက်က ကမ္ဘာနှင့် လုံးဝကိုခြားနားလှ၏။ ယုံးဝူမင့်လိုလူဆို ကိစ္စတွေကို ထပ်တောင်တွေးနေလောက်သည်။

သူမက သူ့အပေါ်အသာအယာမှီကာ သူမပါးပြင်နှင့် သူ့ပခုံးကိုပွတ်သပ်လိုက်သည်။

ယုံးဝူမင့်က ခဏမျှကြက်သေသေနေပြီးမှ သူမကိုထွေးဖက်ဖို့ လက်ဆန့်ပေးလာသည်။

ခုတော့ သူဟာ သူမ၏ ပွတ်သီးပွတ်သပ်အကျင့်တွေကို နည်းနည်းတော့ အသားကျလာခဲ့ပြီပင်။

သူမ သူ့အနားသို့ ဘယ်အချိန်မဆို ချဥ်းကပ်လာတိုင်း သူဟာ သူမအတွက် မသိလိုက်စွာပင် ရင်ဖွင့်ပေးထားတတ်လာသည်။

သူမက တိုးညင်းစွာဖြင့်

"ရှင်မြန်မြန် နေကောင်းလာမှဖြစ်မယ်။ ဒီလောက်လူအများကြီးအကာအကွယ်အောက်က ဟွမ်ဖူကျွင်းကို သတ်နိုင်တာဆိုလို့ ရှင်ပဲရှိတာ"

သူက ကြောင်အမ်းသွားပြီးမှ ခပ်တိုးတိုး ရယ်မောလာသည်။

"ပမွှားလေးပဲဟာ"

"ရုပ်သေးရုပ်ကို နောက်ယောင်ခံလိုက်ခိုင်းထားသေးလား"

သူမက မေးလိုက်၏။

ယုံးဝူမင့်က ပြုံးကာဖြင့်

"ရထားလုံးအောက်မှာရှိတယ်။ မင်းအစ်ကို ကိုစိုက်ကြည့်နေတယ်"

စန်းယွမ်ယွမ် : "........"

စန်းပုကျင့်ကတော့ အပြင်ဘက်မှာ ရွှင်လန်းစွာဖြင့် သီချင်းလေးညည်းနေလျက်သား။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now