Unicode
ကောင်းတယ်တဲ့လား?
ယုံးယင်ယွဲ့မှာတော့ လုံးဝမကောင်းဘူးဟုသာ ခံစားလိုက်မိတော့သည်။
သူမက စန်းယွမ်ယွမ်ကို စိုက်ကြည့်လိုက်သည်။ ပဲစေ့လောက်ကြီးမားသည့် ချွေးလုံးတွေကတော့ သူမ၏ ဆံပင်အစပ်ကနေ စိမ့်ထွက်လာကာ ပေါင်ဒါဖို့ထားသည့် မျက်နှာဖြူတစ်လျှောက် စီးကျလာပြီး လည်တိုင်ထဲသို့ စီးဝင်လာသည်။
"အကြောသေတာအတွက် အဆိပ်ဖြေဆေး"စန်းယွမ်ယွမ် အသက်တစ်ချက်ရှုရင်းပြောလိုက်သည်။
သူမဟာ အသက်အန္တရာယ်ကနေ မလွတ်နိုင်သေးမှန်း သူမသိသည်။ အကြောင်းမူ ယုံးယင်ယွဲ့ဟာ အချိန်မရွေး ရန်ပြန်လိုနိုင်မည့်အလားအလာရှိနေသောကြောင့်ပင်။မညိသို့ပင်ဖြစ်စေ သူမကိုယ်တွင်းမှာက ယုံးဘုရင်နှင့် တူညီသောသွေးများ စီးဆင်းနေသည်လေ။ သူမအစ်ကိုကြီးက တကယ့်ကို တစ်ဖက်စွန်းရောက်ကာ ရူးနှမ်းနေမှတော့ ညီမဖြစ်သူဟာလည်း ပိုကောင်းလာမည်မဟုတ်ပေ။
ယုံးဘုရင်ကို အသုံးချ၍ ယုံးယင်ယွဲ့ကို ခြိမ်းခြောက်ခြင်းသည်ကား တကယ်တမ်းမူ အဆိပ်ကို တခြားအဆိပ်ဖြင့် ထိပ်တိုက်တိုးစေလိုက်ခြင်းပင်။
ယုံးယင်ယွဲ့က ခဏမျှကြာအောင် တွေဝေမိန်းမောနေရာမှ ခေါင်းကိုငဲ့စောင်းရင်း ဆေးယူလာဖို့ အမျိုးသမီးအိုကြီးကို အချက်ပြလိုက်သည်။
သူမက ဆိုလိုက်၏။"နင် ဟန်လန်ကို တိုင်ရဲတိုင်ကြည့်။ဘယ်သူ့မဆိုထက် အသေဆိုးနဲ့သေစေရမယ်။ခုပြောတဲ့စကားတွေက နင့်ဟာနင်ပြောတာ ငါ့အပေါ်လာပြီး အပြစ်မပုံချနဲ့!"
"ငါသိတယ်"စန်းယွမ်ယွမ်က သူမကို ဆက် ရန်စသည့်သဘောဖြင့် ပြောလိုက်ပြန်သည်။
"ငါက နင့်ရဲ့ယောင်းမလေး ဖြစ်ချင်နေတုန်းပါပဲ"
ယုံးယင်ယွဲ့ခမျာ ထပ်ပြီးနင်သွားရှာပြန်သည်။သူမဦးနှောက်လည်း အဆိပ်မိပြီး အကြောသေသွားပြီလားတောင် ခံစားမိသွားရသည်။သူမခမျာ နဖူးကိုအုပ်ကိုင်ရင်း နောက်သို့နှစ်လှမ်းမျှ ဆုတ်ပြီးမှ စန်းယွမ်ယွမ်ကို ဖြေဆေးတိုက်ဖို့ မိန်းမအိုကြီးကို လက်ဟန်ပြလိုက်ရသည်။
ဖြေဆေးသောက်ပြီးနောက် စန်းယွမ်ယွမ်သည် သူမ အမြန်အဆန်ပင် တစ်ဖန်ရှင်သန်လာတာကို တွေ့လိုက်ရသည်။
အသိစိတ်လွတ်နေသည့် ခန္ဓာကိုယ်ကြီးထဲ အပိတ်ခံနေရသည့်ခံစားချက်ကြီးဟာ မှောင်မဲ၊ အေးစက်ကာ ကြောက်စရာကောင်းသည့် အိမ်မက်ဆိုးကြီးအလား တူသည်။
ဤတစ်ခဏ အကြောသေအဆိပ်ပြေသွားချိန်ခဏကျမှပင် သူမဟာ ဒါဟာ အိမ်မက်လည်းမဟုတ်၊ ထင်ယောင်ထင်မှားဖြစ်နေတာလည်းမဟုတ်တာကို ခံစားမိသွားရသည်။ သူမတကယ်ပဲ ပြန်ရှင်သန်လာခဲ့လေပြီ။
"လှည့်ကွက်တွေသုံးဖို့ စဥ်းတောင်မစဥ်းစားလိုက်နဲ့!"
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
YOU ARE READING
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️