အပိုင်း ၁၁

5K 585 2
                                    

Unicode

  
တော်ဝင်မိသားစု၏ မျိုးရိုးနာမည်ပေးအပ်ခံထားရသော အင်ပါယာကိုယ်ရံတော်များဟာ လက်ရွေးစင်တွေကြားထဲက အထူးလက်ရွေးစင်တွေဖြစ်ပြီး အသေခံစစ်သားတွေကြားထဲက အထူးအသေခံစစ်သားတွေပင်ဖြစ်သည်။

နံပါတ်သေးလေ ကျင့်ကြံရေးမြင့်လေဖြစ်ကာ သခင်တွေက သူတို့ကို ပိုမိုအရေးပါသည့်ရာထူးမှာထားလေဖြစ်သည်။ ဆယ့်နှစ်နှင့် ဆယ့်သုံးကို အပြင်ဘက်တွင် "ကျန်းကျွင်း"များဟု ခေါ်ကြလေသည်။
  
စကားအမိန့်သံဆုံးသည်နှင့် အနက်ရောင်အဝတ်အစားများနှင့် အရိပ်နှစ်ရိပ်က နန်းဆောင်အပြင်ဘက်ကနေ ဝင်လာကာ ဟန်ရှောင်လင်၏ နောက်နား၌ မတ်တပ်ရပ်နေကြလေသည်။
  
ဟန်ရှောင်လင်က စန်းယွမ်ယွမ်ကို ခဏမျှစိုက်ကြည့်နေပြီးမှ နူးညံ့စွာ ဆိုလာသည်။

"ကိုယ် တချို့ရုံးတော်ကိစ္စလေးတွေ ဖြေရှင်းဖို့သွားရဦးမယ်။မနက်ဖြန်မနက်မှ မင်းကိုလာတွေ့လှည့်မယ်။ စန်းအာ...စိတ်အေးအေးထားပြီး ကောင်းကောင်းနားလိုက်နော်။ ကိုယ်မင်းကို တစ်ဘဝစာလုံးကာကွယ်ပေးသွားမှာပါ"
  
မင်္ဂလာပွဲနေ့တုန်းက ဟန်ငါး၏ သစ္စာဖောက်မှုက ဟန်ရှောင်ယွင်၏ ရင်ထဲမှာနက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေသောဆူးသဖွယ်ဖြစ်နေသည်မှာ တစ်လလောက်ကြာခဲ့ပြီဖြစ်သည်။ ယနေ့မှာ ယုံးယင်ယွဲ့က အဆိပ်ဖြေဆေးထုတ်ယူလာခဲ့ခြင်းက သူမကိုယ်သူမဖော်ထုတ်လိုက်သလိုဖြစ်သွားပြီမို့ ဟန်ရှောင်လင်မှာ ဤကိစ္စတစ်ခုလုံးကို စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးဖို့ရာ ကြောင့်ကြနေခဲ့ရလေပြီ။
  
စန်းယွမ်ယွမ်က ခပ်ဖြည်းဖြည်းလှဲချကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။
  
သူမတကယ်ပင်ပန်းနေပြီဖြစ်သည်။ သူမ၏ ပန်းတိုင်ကိုအောင်မြင်သွားပြီနောက်မှာတော့ ဟန်ရှောင်လင်ကို ဧည့်ခံဖို့ စိတ်ရောစွမ်းအင်ပါ မရှိတော့ချေ။
  
ကိုယ်ရံတော်နှစ်ယောက်က နန်းဆောင်အတွင်းက အစေခံတွေကိုလိုက်နှိုးလိုက်ကြသည်။အစေခံ အားလုံးမှာ ကြောက်လန့်နေကြပြီး ဘာတစ်ခုမှ အမေးမထုတ်ရဲကြချေချေ။သူတို့၏ လှုပ်ရှားမှုတွေက မြန်ဆန်ကာ ယုံးယင်ယွဲ့တို့ လက်နှင့်ခြေတွေထိသွားသမျှအရာအားလုံးကို သေသေသပ်သပ်ရှင်းလင်းကာ စန်းယွမ်ယွမ်၏ကျောပြင်ကို ပွတ်တိုက်ဆေးကြောပေးလိုက်ကြပြီး ခြောက်သွေ့သည့် အဝတ်အစားသစ်တို့ကို လဲပေးကြလေသည်။
  
သူမလည်း လှုပ်ချင်စိတ်မရှိတာကြောင့် သူတို့ကိုသာ အကုန်လုပ်ခွင့်ပြုထားလိုက်သည်။ စိတ်တွင်းမှာတော့အနာဂါတ်ကိစ္စတွေကို အမြန်အဆန်အစီအစဥ်ချနေမိ၏။ပထမဦးဆုံးအနေဖြင့် မူလကိုယ်၏ ဖခင်၊ စန်းပြည်နယ်၏ဘုရင်ကို ဟန်ဘုရင်၏တော်ဝင်နန်းတော်ထဲ ဝင်ခိုင်းဖို့ ယုံကြည်စိတ်ချရသည့် အစေခံတွေပို့ခိုင်းဖို့ရာ ဘယ်နည်းဘယ်ပုံ ဖျောင်းဖျရမည်နည်း။
  
တကယ်တမ်းကျ ဒါဟာ ထုံးတမ်းဓလေ့နှင့် သိပ်မညီပေ။
  
ဟွေးရီက အမျိုးသမီးတစ်ယောက်ဖြစ်ကာ သူမနှင့်ယုံးယင်ယွဲ့၏ ဆက်နွယ်မှုက အလွန်နက်ရှိုင်းသည်။ လွန်ခဲ့သည့်ငါးနှစ်က အဖြစ်အပျက်နှင့်ပါ ထပ်ပေါင်းလိုက်လျှင်.....။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now