အပိုင်း ၇၅

3K 388 2
                                    

Unicode


"ပိုးစာပင်လေး...ကိုယ် ဒီနေ့ပဲ...လို..ချင်..တယ်"

သူက သူမနားနားမှာ ကပ်ပြောရင်း အသက်ရှုသံတွေက ပူပြင်းလာသည်။

စန်းယွမ်ယွမ်မှာ မနေနိုင်စွာ မေးမိတော့သည်။

"ဒီလောက်လေးတောင် သည်းမခံနိုင်ဘူးတဲ့။ ဒီနှစ်တွေထဲမှာ ရှင်ဘယ်လိုများ သည်းခံခဲ့သတုန်း"

ယုံးဝူမင့်မှာ အထိမခံနိုင်သော ချက်ကောင်းကို အဖိခံလိုက်ရသလိုမျိုး အတော်ကြာအောင် တောင့်ခဲသွားတော့သည်။ သူက ခေါင်းကို ဘေးဘက်သို့ ချိုးလိုက်ရင်း လှောင်ပြောင်လိုက်၏။

"ဘာတွေတွေးနေတာတုန်း ပိုးစာပင်လေးရဲ့။ ကိုယ်က မိန်းမပြတ်လပ်နေလို့လား"

စန်းယွမ်ယွမ်က အိုး ဟု အသံထွက်လိုက်ရင်း ခေါင်းငုံ့ကာ ဆိုလိုက်သည်။

"ဟုတ်တာပေါ့လေ။ ရှင့်လို ကောင်းမွန်တဲ့ လူကြီးလူကောင်းတစ်ယောက်မှာ ရှင်လိုချင်သလောက် ဘယ်လိုမိန်းမမျိုးမဆို ရနေနိုင်တာပဲလေ"

သူမ၏ ခေါင်းသေးသေးလေးက ငိုက်စိုက်ကျနေကာ အသံလေးကတောင်မှ လမ်းပျောက်နေဟန် အထင်းသား။

"အတွေးလွန်နေတဲ့လူက ကျွန်မပဲဖြစ်မှာပါ"

ယုံးဝူမင့်၏ မျက်ဝန်းထောင့်တို့က ဆတ်ခနဲ ပင့်,သွားကာ နှုတ်ခမ်းထောင့်တို့ အနည်းငယ် တင်းတင်းစေ့သွား၏။ ခဏမျှ ထိန်းချုပ်ထားပြီးမှ ပြတ်ပြတ်သားသား စကားတစ်ခွန်းကို ဖျစ်ညှစ်ပြောလာသည်။

"အမ်း!"

"ဒါဆို..."

စန်းယွမ်ယွမ်က အသံတိုးတိုးလေးဖြင့်

"ရှင် ကျွန်မကို တမင်ခြောက်နေတာပေါ့နော်။ ဂုဏ်သရေရှိတဲ့ ယုံးဘုရင်အနေနဲ့ ရှင်က မိန်းမတစ်ယောက်ကို ဘယ်တုန်းကမှမမြင်ဖူးတဲ့ အတွေ့အကြုံမရှိတဲ့ကောင်လေး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ပြီးတော့ ဒီလောက်ရက်နည်းနည်းလေးကို သည်းမခံနိုင်ဘူးဆိုတာလဲ မဖြစ်နိုင်ဘူးလေ"

ယုံးဝူမင့် : "....."

တစ်စုံတစ်ရာက အနည်းငယ်မှားယွင်းနေကြောင်း သူ ဝေဝါးဝါးခံစားမိနေပေမဲ့ ဤအချိန်မှာတော့

"အမ်း ကိုယ်မင်းကို ခြောက်နေတာပေါ့" ဟူသာ ပြောနိုင်လေသည်။

စန်းယွမ်ယွမ်မှာ ပေါ့တီးပေါ့ဆ မနေရဲချေ။ သူမက စိတ်ဖိစီးနေဆဲဟန်လေး လုပ်ပြကာ မျက်လွှာပင့်ရင်း အဝေးသို့ကြည့်ကာတည်ငြိမ်အောင် ထိန်းရင်း စကားခေါင်းစဥ်ကို တိတ်တိတ်လေးပြောင်းလိုက်၏။

သူမက စကားဆိုလိုက်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now