အပိုင်း ၄

5.7K 722 5
                                    

Unicode

  
အဖြူရောင်အမွေးဖွာဖွာကော်ဇောဖုံးလွှမ်းထားသည့် ကြမ်းပြင်ဟာ ချက်ချင်းဆိုသလို ကြီးမားသည့်အစွန်းအကွက်ကြီးဖြစ်လာကာ စေးကပ်စပြုလာသည်။
  
ထိုစကားလုံးက အလွန်အမင်းကို....ကြက်သီးမွေးညှင်းထစရာကောင်းပေသည်ကိုး။

ယုံးယင်ယွဲ့၏ အစ်ကိုကြီး...
  
ယုံးပြည်နယ်ဘုရင်...
  
ယုံးယင်ယွဲ့၏ မတ်နေသောပုံစံက လေထဲလွင့်သွားသော သစ်ရွက်လိုဖြစ်ကာ တဖြည်းဖြည်း တုန်ယင်လာသည်။
  
သူမနောက်က အမျိုုးသမီးအိုကြီးက ကြမ်းပေါ်ချက်ချင်းလဲကျသွားကာ ကြောက်စရာကောင်းသော သတင်းကိုကြားရရ၍ နှုတ်ပိတ်ခံရတော့မည့်အလား ပုံပေါက်နေသည်။
  
စန်းယွမ်ယွမ်၏ မျက်ဝန်းထဲကအပြုံးကတော့ အလွန်အမင်းကို အန္တရာယ်ကင်းနေ၏။

"မှန်တယ်မလား"
  
ယုံးယင်ယွဲ့သည် ရုတ်တရက် သူမ၏ နှုတ်ခမ်းသားနီနီကို လက်ဖြင့်အုပ်ကာ ရင်ဘတ်ကဖြင့် ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်လျက်ရှိသည်။ သူမ၏ မက်မွန်ပွင့် မျက်လုံးထဲရှိသူငယ်အိမ်တို့က ကျုံ့သွားကာ မျက်ခမ်းစပ်တို့သည်ပင် တဆတ်ဆတ်တုန်လျက်ရှိသည်။
  
စန်းယွမ်ယွမ်ကတော့ မီးပုံထဲ ဆီထပ်ထည့်လိုက်ပြန်၏။

"ငါ နင့်အစ်ကိုကို သဘောကျတယ်။ သူက ဟန်ရှောင်လင်ထက် နိမ့်တယ်လို့တော့ နင်မထင်ပါဘူးနော် ဟုတ်တယ်မလား"
  
ယုံးယွင်ယွဲ့မှာ မေ့မြောတော့မည်အလား။
  
အမျိုးသမီးအိုကြီးက လက်ကို ကြမ်းပေါ်သို့ ဖရိုဖရဲချထားကာ ကော်ဇောထဲစိမ့်ဝင်သွားသော အဆိပ်ပါဝိုင်တို့ကို စုယူဖို့ကြိုးစားနေသည်။
  
သူမဟာ နှုတ်ကလည်း တတွတ်တွတ်ရေရွတ်နေလျက်။

"ကိုယ်လုပ်တော် မြန်မြန်လေး...သူ့ကိုမြန်မြန်သတ်လိုက်ပါ။ ဒီစကားသာ အပြင်ပြန့်သွားရင်...ပြန့်သွားရင်"
     
အကြောက်လွန်နေသော ယုံးယင်ယွဲ့ကတော့ တဖြည်းဖြည်း ပြန်တည်ငြိမ်လာသည်။
  
သူမက အသက်ပြင်းပြင်းရှုကာ စန်းယွမ်ယွမ်အား ကြောက်မက်ဖွယ်မကောင်းဆိုးဝါးကို စိုက်ကြည့်နေသည့်အလား အမူအရာဖြင့် ကြည့်လိုက်၏။

"နင်က အဲ့လူကို သဘောကျတယ်တဲ့လား"
  
သူမဟာ နာမည်ကို မဆိုထားနှင့် "ငါ့အစ်ကို"ဟူသော စကားလုံးကိုတောင် နှုတ်က ထုတ်မပြောဝံ့ချေ။
  
"ဟုတ်တယ်"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now