အပိုင်း ၁၂၁ ၁၂၂ ၁၂၃ ၁၂၄ ၁၂၅

3.5K 357 7
                                    

Unicode

အပိုင်း ၁၂၁

ယုံးဝူမင့်က ကိစ္စတွေကို တစ်ခုချင်းစီ စီစဥ်ကာ ရှေ့ပြေးတပ်ကို အရှိန်မြှင့်စေပြီး ယွိမင်ဂိတ်သို့ တန်းသွားစေလိုက်သည်။

ယုံးပြည်နယ်၏ အနောက်ဘက်အပိုင်းက မြင့်မားသော တောင်တန်း၊ တောင်ကုန်းများ အပြည့်ဖြစ်၏။

ဟန်ရှောင်လင်အနေဖြင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ချင်လျှင် ရွေးစရာနှစ်ခုသာရှိသည်။ တစ်ခုက စန်းပြည်နယ်မှတဆင့် လာရမည်ဖြစ်ပြီး နောက်တစ်ခုက ယွိမင်ဂိတ်ကို တိုက်ခိုက်ရန်ဖြစ်သည်။

ထို့ကြောင့်ပင် သူလာခဲ့ခြင်း ဖြစ်ပေသည်။

မိတ်လိုက်ဖော်အား သုတ်ချီမည့် သားရဲထီး၏ သူရဲကောင်းဆန်ဆန်တက်ကြွမှုတို့ဖြင့် အမှန်တကယ်ကို ပြည့်လို့နေချေ၏။

"ကျွန်မတို့ မတိုက်လို့မရဘူးလား"

စန်းယွမ်ယွမ်က စိုးရိမ်တကြီးဖြင့်

"ဘယ်သူပဲသေသေ ကျန်းယန်ကျီပဲ အကျိုးအမြတ်ရမှာ မဟုတ်လား"

ယုံးဝူမင့် : ".....မင်းပြောတာက အဓိပ္ပါယ်တော့ အများကြီးရှိတယ်။ဒါပေမဲ့ ဟန်ရှောင်လင်က သေလမ်းရှာနေတော့လည်း ကိုယ့်အပြစ်မဟုတ်ဘူးလေ"

"ပြီးတော့ ပိုးစာပင်လေး"

သူက ကိုယ်ကိုင်းကာ အသံကိုနှိမ့်ရင်း ဆိုလာသည်။

"သူ တိုက်ခိုက်နေတာ ၃ရက်ရှိပြီ။ကိုယ့်လူတွေက သေချာပေါက်သွေးဆာနေကြလောက်ပြီ။အဲ့ဒီမီးကို သွေးနဲ့ပဲ ငြိမ်းလို့ရနိုင်မယ်။ အဲ့လိုမီးမျိုးက ချန်ထားရင် အရှင်သခင်ကို ဝါးမြိုသွားလိမ့်မယ်"

စန်းယွမ်ယွမ် နားလည်သွားသည်။

ဒါက စစ်ပွဲပင်ဖြစ်သည်။ ဤကြောက်မက်ဖွယ်ရာ စက်သွားက စတင်လည်ပတ်လိုက်သည်နှင့် အလွယ်တကူရပ်တန့်ပစ်ဖို့ဆိုတာ မဖြစ်နိုင်တော့ချေ။

သေခြင်းရှင်ခြင်းအတွက် တိုက်ခိုက်နေရသည့်အရေးကြီးသော အဆင့်မျိုးမှာ သူတို့စောင့်မျှော်နေခဲ့သည့် စစ်ကူများက စစ်ပွဲမှာ ဝင်မပါတော့ဘဲ ထိုအစား ရန်သူနှင့် လက်ချင်းဆွဲနှုတ်ဆက်၍ စစ်ပြေငြိမ်းလိုက်ပါက လူတွေ၏ နှလုံးသားကို လုံးဝကိုအေးခဲသွားစေမည်ပင် ဖြစ်သည်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now