Unicode
သူမ ခုထိ အသက်ရှင်နေကြသော လူများထံ လှည့်ပတ်ကြည့်လိုက်သည်။ သူတို့တွေဟာ ငယ်ရွယ်၊ သန်မာကာ ကျင့်ကြံရေး၌ အတော်ဆုံးသူများပင် ဖြစ်၏။မျက်လုံးတွေထဲက တောက်လောင်နေသော မီးတောက်များနှင့်အတူ သူတို့ဟာ တတ်စွမ်းသမျှအကောင်းဆုံးကြိုးစား၍ နတ်ဆိုးတွေကို တိုက်ခိုက်နေကြသည်။
ခရီးစမထွက်ခင်က ယုံးဝူမင့်၏ အမူအရာကို သူမပြန်တွေးကြည့်မိသည်။ သူက သူတို့ကို ပျင်းရိပျင်းတွဲ့နိုင်စွာ ဆိုခဲ့၏။ အသက်ရှင်ချင်ရင် မသေစေနဲ့ ဟူ၍။
အသက်ရှင်ချင်ရင် မသေစေနဲ့။
သူမ အသက်ပြင်းပြင်းရှုကာ မြေပြင်ပေါ် ခုန်ဆင်း၍ ပိုင်ရှင်မရှိတော့သော ဓါးတစ်ချောင်းကို ကောက်ကိုင်လိုက်သည်။
၎င်းက အေးစက်ကာ လွှဲယမ်းဖို့ပင် လေးလံလှသည်။ လက်ကိုင်က စေးကပ်နေပြီး လူသွေးလား၊ နတ်ဆိုးတွေ၏ သွေးလားတောင် ခွဲခြားမရနိုင်ချေ။
သူမက လက်ကိုင်ကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ မြေပြင်ကနေ တရွတ်ဆွဲလာလိုက်သည်။
ကူညီနိုင်တဲ့နေရာရှိရင် ကူညီပေးရမှာပဲ။
အနက်ရောင်သံမဏိအကွာအကွယ်အလွှာက ပိုက်ကွန်ပုံစံဖြစ်၏။ တွယ်တက်လာသော နတ်ဆိုးအုပ်ကြီးမှာ သိပ်သည်းနေကာ ပိုက်ကွန်အတွင်းရှိ ပြွတ်ခဲနေသော စပျစ်ခိုင်တွေအလား။
စန်းယွမ်ယွမ်က ဓါးကို တည့်တည့်ကိုင်ကာ ပိုက်ကွန်ထဲကနေ အပြင်ဘက်သို့ အားအပြည့်ဖြင့် ထိုးထည့်လိုက်၏။
"ဇွတ်----"
ဓါးက နတ်ဆိုး၏ ကိုယ်ထဲသို့ ထိုးစိုက်သွားချိန် ခံစားလိုက်ရသည့်အရသာက ရှင်းပြဖို့ရာ ခက်ခဲလှသည်။
သွေးတွေက ပန်းထွက်လာသည်မို့ သူမက မျက်လုံးမှေးလိုက်ရင်း အပြင်ဘက်သို့ဆောင့်တွန်းပစ်လိုက်သည်။
နတ်ဆိုးမိစ္ဆာဟာ သနားစဖွယ်အော်မြည်သံနှင့်အတူ လဲကျသွားလေသည်။
စန်းယွမ်ယွမ်က သူမ၏ ဓါးရှည်ကြီးကို ပြန်ဆွဲယူကာ ပင့်သက်ပြင်းပြင်းရှိုက်လိုက်ရင်း မနေနိုင်စွာ ခပ်တိုးတိုး ရယ်မိသွားသည်။ ရယ်နေရင်းမှ မျက်ရည်ပူများလည်း ကျဆင်းလာလိုက်သေး၏။
လက်တစ်ဖက်က သူမပခုံးပေါ် ခပ်ပြင်းပြင်း ပုတ်လာသည်။
သူမက ယုံးဝူမင့်ဟု ထင်လိုက်သော်လည်း လှည့်ကြည့်လိုက်ချိန်မှာတော့ လုံးဝကို မရင်းနှီးသည့် စစ်သည်တော်တစ်ယောက် ဖြစ်နေလေသည်။
![](https://img.wattpad.com/cover/317732643-288-k47013.jpg)
YOU ARE READING
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️