အပိုင်း ၉

5.3K 613 0
                                    

Unicode

  
ဟန်ရှောင်လင်က အလျင်စလိုဖြင့်လာခဲ့ရတာဖြစ်သည်။ သူက အနက်ရောင် ဝတ်ရုံတစ်ထည်ကိုသာ ဖြစ်သလို ဝတ်ဆင်ထား၏။သူ့ရင်ဘတ်တစ်ဝက်လောက်က ပွင့်ဟနေကာ အောက်ခံမှာဘာမှဝတ်မထားမှန်းမြင်နေရလေသည်။
  
ထိုအနက်ရောင်ဝတ်ရုံက လေးလံကာ တန်ဖိုးကြီးလှပြီး သူမ၏ တိမ်လွှာကုတင်နှင့်စောင်ပေါ် ပုံကျနေကာ ချက်ချင်းပင်ခပ်လေးလေး နစ်ပုံဝင်သွားသည်။
  
သူ့အသက်ရှုသံက သူမအား တောင်တစ်တောင်ကဲ့သို့ ဖိထားကာ ယောက်ျားတစ်ယောက်၏အဖိုးတန်မွှေးရနံ့များဖြင့်ရောနှောနေသောအနံ့က အလွန်ပြင်းထန်နေသည်။
  
"ကျွန်မကို မထိနဲ့"

စန်းယွမ်ယွမ်က ဟန်ရှောင်လင်၏ လက်တံရှည်များထံကနေ နောက်ဆုတ်မိလိုက်သည်။
  
သူက ထပ်မံပြုံးလိုက်ပြန်သည်။ သူ၏ သောက်ရှုးကြယ်ပမာ လင်းလက်နေသောမျက်လုံးများက ကွေးညွတ်သွားပြီး နှုတ်ခမ်းထောင့်စွန်းတို့က မြင့်တက်သွားသည်။

"ဇနီးလေးက သိပ်ရှက်တတ်တာပဲကိုး"
  
သူမအား ဇနီး ဟုခေါ်ဆိုလိုက်ခြင်းဟာ ဇနီးတစ်ယောက်၏ တာဝန်ဝတ္တရားများကို ဖြည့်ဆည်းပေးရတော့မည်ဟု ဆိုလိုလိုက်ခြင်းပင်။
  
စန်းယွမ်ယွမ်၏အသံက အလွန်အားနည်းနေပေမဲ့လည်း အတော်ကြီးခိုင်မာနေ၏။

"ရှင်က ကျွန်မနေရာကို အစားထိုးဖို့မိန်းမတစ်ယောက်ကို ရှာထားပြီးပြီမဟုတ်လား။စန်းပြည်နယ်ရဲ့မင်းသမီးကို အရိုင်းအစိုင်း မိန်းမနဲ့အစားထိုးမယ်ပေါ့လေ!ရယ်စရာကောင်းလိုက်တာ! ဒီလိုအရှက်ခွဲစော်ကားမှုမျိုးကို ရှင်ကကျွန်မကို ခံစားစေချင်နေတာလား။ကျွန်မ သဘောတူရင်တောင် စန်းပြည်နယ်ကအကြီးအကဲတွေက ဘယ်တော့မှ သဘောတူမှာမဟုတ်ဘူးရှင့်!"
  
ယွင်နိုင်ငံတော်ရှိ ၁၈နယ်မြေက ယောက်ျားသားများဟာ မိန်းမသုံးယောက်ယူခွင့်ရှိ၏။ တရားဝင်ပင်မဇနီးကြီး တစ်ယောက်နှင့် ကိုယ်လုပ်တော် နှစ်ယောက်ဖြစ်သည်။ဤသို့သော ပတ်ဝန်းကျင်မျိုးမှာ လူတစ်ယောက်က တစ်ခြားတစ်ယောက်၏ တစ်သက်စာတစ်ယောက်တည်းမူပိုင်ဖြစ်ဖို့အကြောင်းပြောခြင်းဟာ ဟာသပင်ဖြစ်နေပေလိမ့်မည်။
  
ထို့ကြောင့်ပင် စန်းယွမ်ယွမ်က ပြဿနာကိုဖြေရှင်းဖို့ရာ သူမ၏ ဂုဏ်ပုဒ်ကို အသုံးပြုလိုက်ရခြင်းပင်။
  
ဟန်ရှောင်လင်၏ အမူအရာက ချက်ချင်းပင် အတွေးနက်သွား၏။
  
တစ်စုံတစ်ယောက်က သူ့ကို မလေးမစားဆက်ဆံရဲခဲ့သည့်နောက်ဆုံးအချိန်ကဘယ်လောက်ကြာခဲ့ပြီမှန်း သူမမှတ်မိတော့။ရုတ်တရက် သူ့ရှေ့က အလှလေးက တကယ်ပဲသဝန်တိုနေတာပဲဟု အတွေးရောက်သွားတော့ မနေနိုင်စွာပင်ပိုပြီးဂုဏ်ယူဝင့်ကြွားလာမိသည်။
  
မုန့်ဝူယုံးက သူမနှင့် အလွန်အမင်းတူလှပေမဲ့လည်း တကယ်တမ်းကျ ကွာဟချက်က အလွန်ကြီး၏။တကယ်ပုလဲအစစ်နေရာမှာ ငါးမျက်လုံးကို သွားအစားထိုးသည့်နှယ် ဖြစ်နေပေလိမ့်မည်ပင်။စန်းမျိုးစုနွယ်မှာက အလွန်ကောင်းမွန်သည့် သယံဇာတရေမြေတွေ ရှိသည်။ ထို့အပြင် စန်းယွမ်ယွမ်ဟာ အဆင့်အတန်းမြင့်မားသည့် ယွင်နိုင်ငံတော်ရှိ တစ်စုံတစ်ယောက်၏ ပျိုးထောင်ခြင်းကို ခံထားရသူဖြစ်သည်။တစ်ကမ္ဘာလုံးမှာ တစ်ယောက်တည်းသာပင်။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Onde histórias criam vida. Descubra agora