အပိုင်း ၁၇၁ ၁၇၂ ၁၇၃ ၁၇၄ ၁၇၅

2.7K 290 13
                                    


Unicode

အပိုင်း ၁၇၁

ဘယ်ဘက်ခြမ်းပေါ်ရှိ မြားဒဏ်ရာက နှလုံးသွေးကြောနှင့် အနီးဆုံးဖြစ်ပြီး ချော်ရည်ကဲ့သို့သော မီးဒြပ်စင်အဆိပ်နှင့်အတူ တွဲစပ်နေသည်။

သုံးလက်မအကွာမှာတော့ အစိမ်းရောင်သစ်သားဒြပ်စင်အဆိပ်က လုံးဝန်းသော ပုံသဏ္ဍာန်ဖြင့်ရှိနေပြီး ၎င်းက မိန်းမလက်ဖဝါးရာနှင့်တူကာ ခပ်ဖျော့ဖျော့ ပျံ့နှံ့နေသည်။

အောက်မှာတော့ ဟွမ်ဖူကျွင်းကြောင့် ကျိုးသွားသော နံရိုးနှစ်ချောင်းရှိနေပြီး အနက်ရောင်ရေဒြပ်စင်အဆိပ်တစ်ခုလုံးက ထိုနေရာမှာ အစုလိုက်အပုံလိုက်ရှိနေ၏။

ရင်ဘတ်တစ်ခုလုံးမှာ တခြားသော အစက်အပြောက်သဏ္ဍာန် ရွှေဖြူအဆိပ်နှင့် ရေနက်အဆိပ်တွေက သိပ်သည်းစွာ ပျံ့နှံ့လျက်သားပင်။ယင်းအရာတွေက ဟန်ရှောင်လင်နှင့်တိုက်ခိုက်စဥ်က ကျန်ခဲ့သော စိတ်ဝိညာဥ်စွမ်းအားများနှင့် ဟွမ်ဖူကျွင်းနှင့် နှစ်ယောက်တည်းတိုက်ခိုက်စဥ်က ကျန်ခဲ့သော စိတ်ဝိညာဥ်စွမ်းအားများ၏ သက်ရောက်မှုပင် ဖြစ်လောက်သည်။

စန်းယွမ်ယွမ်က သက်ပြင်းရှည်ကြီးတစ်ချက်ချကာ 'ပိုက်ကွန်'lor ပယ်လယ်ရေမှော်'ကို ဂရုတစိုက်ထိန်းချုပ်ရင်း သူ့ခန္ဓာကိုယ်ထဲ စိမ့်ဝင်စေကာ အသေးငယ်ဆုံးသောရွှေဖြူဆိပ်ကို ရစ်ပတ်လိုက်စေသည်။

သူ့ပြိုင်ဘက်တွေကြားမှာ ဟန်ရှောင်လင်က အားအနည်းဆုံးတစ်ယောက်ပင်။ ထို့ကြောင့် စန်းယွမ်ယွမ်က ဟန်ရှောင်လင်ချန်ခဲ့သောရွှေဖြူအဆိပ်ကို ခွဲထုတ်ဖို့ရွေးချယ်လိုက်ခြင်း ဖြစ်သည်။အကယ်၍ မတော်တဆဖြစ်လာခဲ့လျှင်တောင် ထိခိုက်မှုအနည်းဆုံးရှိလိမ့်မည် ဖြစ်၏။

"ပိုက်ကွန်"က နုညက်သော သဲကဲ့သို့ ရွှေအဆိပ်ကို ရစ်ပတ်ကာ ခန္ဓာကိုယ်ထဲကနေ ဖယ်ထုတ်လိုက်ချိန်မှာ ယုံးဝူမင့်က ပြင်းထန်စွာ တုန်ယင်လာကာ ထိန်းချုပ်မထားနိုင်တော့သော ညည်းသံဝိုးတဝါးက ထွက်ပေါ်လာသည်။

စန်းယွမ်ယွမ် လန့်သွားကာ စိတ်ဝိညာဥ်စွမ်းအားတွေကို အမြန်သိမ်းကာ မျက်လုံးဖွင့်၍ သူ့ကို ကြည့်လိုက်သည်

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now