Unicode
အမျိုးသားတွေအတွက် ဇနီးအများကြီးထားခြင်းအား ဥပဒေက ကာကွယ်ပေးထားသည်။ အမျိုးသမီးများအတွက်မူ တစ်ဖက်သက် တပ်မက်မှုလေးဖြစ်လျှင်တောင် မှားယွင်းခံရသည်။ယင်းက ဤကမ္ဘာကြီး ဘယ်လိုတောင် မတရားသလဲ ဆိုတာပင်။
စန်းချန်ယင်း၏ ပါးစပ်က မဲ့ရွဲ့သွားရင်း"ဟုတ်တာပေါ့လေ လူတွေက တိရစ္ဆာန်တွေနဲ့ ဖက်ပြောလို့မရဘူးပဲ။ ကိစ္စတွေက ဒီလိုဆိုမှတော့ ငါ့မှာ မင်းကိုပြောစရာမရှိတော့ဘူး။ဒီလက်ထပ်ပွဲက ပြီးဆုံးသွားပြီ!"
"လက်ခံပါတယ်"ဟန်ရှောင်လင်က စဥ်းတောင်စဥ်းစားမနေခဲ့။
စန်းချန်ယင်းက ပြုံးလိုက်ရင်း ခေါင်းကို ငဲ့စောင်း၍။"ဒါဆိုလည်း ဒီကွာရှင်းစာလွှာမှာ အရင်လက်မှတ်ထိုးပေးဖို့ ဟန်ဘုရင်ကိုပဲ ဒုက္ခပေးရတော့မှာပဲ"
စန်းဘုရင်ဘေးက ကိုယ်ရေးကိုယ်တာအကြံပေးကဲ့သို့ ဝတ်စားထားသည့် သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က ထွက်လာကာ ဟန်ရှောင်လင်ထံ ပိုးထည်စကို ကမ်းပေးလာသည်။
မိတ္ထူနှစ်စုံတောင်ရှိလိုက်သေး၏။ အကုန်လုံးက ကြိုစီစဥ်ထားပြီးသားတွေပင်။
ဤတစ်ရှစ်ချန်ခွဲ(တစ်နာရီ)အတွင်းမှာ စန်းဘုရင်ဟာ သည်နေရာမှာ အေးအေးဆေးဆေး ထိုင်နေခဲ့တာဖြစ်သည်။ တစ်ဖက်မှာ ဟန်ရှောင်က နတ်ဆိုးများနှင့် တိုက်ခိုက်နေတာကိုကြည့်ရင်း တစ်ဖက်မှာတော့ ထိုသူ့အတွက် အံ့အားသင့်စရာ မျိုးစုံကို ပြင်ဆင်နေခဲ့တာပင် ဖြစ်၏။
လက်မှတ်ထိုးပြီးသည်နှင့် အစပျိုးမှုဟာ စန်းပြည်နယ်လက်ထဲရောက်သွားမည်ပင်။
သူ့ရှေ့က စိတ်ဝိညာဥ်စွမ်းအား အပြည့်ရှိသည့် လေးသည်တော်တွေကိုကြည့်ရင်း ဟန်ရှောင်လင်မှာ နှုတ်ခမ်းတင်းတင်းစေ့ပြီး ကွာရှင်းစာလွှာပေါ်မှာ သူ့နာမည်ကို ထိုးရတော့သည်။
ကွာရှင်းစာလွှာ လက်ထဲရောက်လာသည်နှင့် ထျန်းတု နန်းတော်ထဲဝင်ပြီး သူ့ကို နှလုံးသားတစ်စုံစာချုပ်ဖျက်ပေးဖို့ ဖိအားပေးပေတော့မည်။
ဟန်ရှောင်လင်စိတ်ထဲမှာ အမျိုးအမည်မသိစွာ ခံစားလိုက်ရပေမံ့ သူ့မျက်နှာက တည်ငြိမ်နေဆဲဖြစ်ကာ နှုတ်ခမ်းထောင့်စွန်းမှာ အနည်းငယ်ယဥ်ကျေးသည့် အပြုံးတစ်ပွင့်ကိုတောင် ချိတ်ဆွဲထားလိုက်သေးသည်။
စန်းချန်ယင်းက သူ၏ ကျားမျက်လုံးများကို မှေးစင်းရင်း သူ့ထံ စူးစူးစိုက်စိုက်ကြည့်လိုက်၏။
ဟန်ရှောင်လင်က ယုံးဝူမင့်နှင့်မတူပေ။ သူ့အနေဖြင့် ထိုသူ့ကို ထိမရချေ။
ယွင်နိုင်ငံတော်၏ ၁၈ပြည်နယ်ကြားက ဆက်ဆံရေးက အလွန်ရှုပ်ထွေးသည်။ဆွေမျိုးတော်စပ်မှုအရ ကြည့်ပါက ဟန်ရှောင်လင်ဟာ တကယ်တမ်းမှာ သူ့ဇနီး၏ တူတော်မောင်ပင် ဖြစ်လေသည်။
ထို့ပြင် ဟန်ရှောင်လင် စောင့်ကြပ်ရသော ဟန်ပြည်နယ်ဟာ နတ်ဆိုးတွေ၏ အကြမ်းတမ်းဆုံးတိုက်ခိုက်မှုကို ခံရသည့် ငါးပြည်နယ်ထဲမှ တစ်ခုအပါအဝင်ပင် ဖြစ်၏။

ESTÁS LEYENDO
ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)
Romanceစာရေးသူ : ချင်းဟွားရန် အမျိုးအစား : Adventure, comedy, romance ,xuanhuan, psychological I own nothing.Just translating. Both unicode and zawgyi. #Not BL ပုံလေးက My treasure for you ဆီက လက်ဆောင်ရတာပါ။ vibeက novel နဲ့တစ်ထပ်တည်းနော်။ တအားတွေ သဘောကျ❤️