အပိုင်း ၉၉ + ၁၀၀+၁၀၁+၁၀၂+၁၀၃+၁၀၄+၁၀၅

4K 439 11
                                    

Unicode

အပိုင်း ၉၉
   
စန်းယွမ်ယွမ်မှာ ချောမွတ်ညက်ညောသောကျောက်စိမ်းဖြင့်ပြုလုပ်ထားသည့် ရေပူစမ်းရှိသည့် ခန်းမဆောင်ထဲ ခေါ်သွားခံရလေသည်။
   
အခန်းထဲက ရေပူစမ်းက တစ်ချက်ကြည့်ရုံဖြင့် လူတွေ၏ အရိုးအားပျော့ခွေစေကာ ခန္ဓာကိုယ်က နွမ်းနယ်မှုတွေပျောက်အောင် သက်တောင့်သက်သာစိမ်နေချင်စိတ် ပေါက်စေ၏။
   
သူမက ရေထဲဆင်းကာ အိပ်ပျော်တစ်ဝက်နိုးတစ်ဝက်ဖြင့် ရေကန်၏ နံရံအား မှီထားလိုက်သည်။ တစ်နေ့ပြီးတစ်နေ့ စိုးရိမ်ပူပန်ကာ လမ်းတစ်လျှောက် အပြေးနှင်လာရသည်မို့ သူမစိတ်နှင့် ခန္ဓာကိုယ်က နည်းနည်းတော့ ခံနိုင်ရည်မရှိ ဖြစ်နေချေလေပြီ။

ပါးလျသော စပျစ်နွယ်ပင်များက ခေါင်းမာစွာဖြင့် ထွင်းထုထားသော သစ်သားပြတင်းပေါက်ထဲ တိုးဝင်လာကာ မှန်ကူကွက် ပြတင်းပေါက်ပေါ်မှာ ကပ်တွယ်လာ၏။
   
၎င်းက ညင်သာစွာ လွှဲယမ်းသွားသည်။ စန်းယွမ်ယွမ် မိန်းမောတွေဝေနေစဥ်မှာပင် ယုံးဝူမင့်၏ အတုမရှိသော အသံကို ရုတ်တရက်ကြားလိုက်ရလေသည်။
   
"ဘယ်နှစ်ယောက်လဲ"
   
သူမ လန့်ဖြန့်သွားကာ သည်လူရူးနေပြီပဲဟု တွေးလိုက်သည်။ သူ ခုနလေးတင်မှ မေ့မြောရာက နိုးလာရုံရှိသေး သူမကို မတော်လျော်တဲ့တစ်စုံတစ်ရာကို လုပ်ချင်နေပြီပေါ့လေ။
   
သို့ငြား အားကူ၏ တည်ငြိမ်သောအသံက ရုတ်ချည်းထွက်လာပြန်၏။

"ငါးယောက်ပါ အရှင်။ ဒီကိစ္စပြီးရင်တော့ ယုံးအရိပ်ကိုယ်ရံတော်ထဲမှာ သူလျိုရှိမှာ မဟုတ်တော့ပါဘူး။သည်တစ်ခေါက် အရှင့်ရဲ့အခြေအနေက အတော်အန္တရာယ်များလွန်းပါတယ်။သုံးယောက်က ဒီအခွင့်အရေးကို အသုံးချပြီး လုပ်ကြံချင်နေကြပြီးတော့ တခြားနှစ်ယောက်က အပြင်ဘက်ကို သတင်းပါးချင်နေတာပါ။ သူတို့အကုန်လုံးကို ဒီငယ်သားက ထိန်းချုပ်ပြီးပြီမို့ အရှင် ဖြေရှင်းဖို့ပဲစောင့်နေတာပါ"
 
စန်းယွမ်ယွမ်အကြည့်က မှန်ကူကွက်ပြတင်းပေါက်ပေါ်ရှိ စပျစ်နွယ်ပင်များထံ ရောက်သွားရင်း အဝေးတစ်နေရာကအသံကို ခိုးနားထောင်သည့် မုဒ်ကို တစ်ဖန်ပြန် အွန်ထားလိုက်၏။
   
"ကောင်းတယ်"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now