အပိုင်း ၄၀

4.3K 516 5
                                    


Unicode

  

  
အတွင်းမဟာတံတိုင်း၏ အရှေ့ဘက်၌ ကျယ်ပြောလှသော မြေရိုင်းလွင်ပြင်ရှိသည်။ထိုမြေရိုင်းက လီ၃၀၀လောက်ရှည်၏။ထို လီ၃၀၀ ကိုကျော်လွန်လျှင်တော့ နောက်ဆုံးအကာကွယ်စည်း၏ နောက်ဆုံးလိုင်းကို ရောက်ပေသည်။အကွာအကွယ်စည်း၏ အရှေ့ဘက်တော်တော်ဝေးဝေးကိုရောက်မှသာလျှင် ပုံမှန်မြို့နှင့်လူနေအိမ်ခြေများ ရှိလာမှာ ဖြစ်ပေသည်။
  
ဤအခိုက်အတံ့မှာတော့ ယုံးဝူမင့်ဟာ သူမအား မြေရိုင်းလွင်ပြင်ကိုဖြတ်၍ ခေါ်ဆောင်လာခဲ့ပြီဖြစ်၏။
  
အဝေးတစ်နေရာက ရိက္ခာသယ်ပို့သည့် ထောက်ပံ့ပို့ဆောင်ရေးတပ်ဖွဲ့များဟာ ပုရွက်ဆိတ်တွေ အစာသယ်နေသည့်နှယ် တူလှသည်။သူတို့ဟာ အရှေ့ဘက်ခြမ်းမှ ရိက္ခာလှည်းများကို သယ်ဆောင်၍ ရှေ့တန်းဆီရောက်အောင် မိုင်ပေါင်းရာနှင့်ချီသော ကွေ့ကွေ့ကောက်ကောက်လမ်းကြောင်းကနေ ခရီးနှင်နေကြလေသည်။

"မြင်လား"

သူက သူမနားနားမှာ အသာကပ်ရင်း စကားဆိုသည်။

"ဟန်ရှောင်လင်က အသုံးကိုမကျဘူး။ ရှေ့တန်းကိုပို့လိုက်တဲ့ အဲ့စစ်ရိက္ခာတွေကလည်း အနည်းဆုံး ဆယ်ပုံမှ သုံးပုံလောက်က အလွဲသုံးစား လုပ်ခံရတော့မှာပဲ"
  
ဒီလောက်အကွာအဝေးကိုဖြတ်ပြီး မြင်ရအောင် ဘရို ရှင်က အတွင်းမျက်လုံး[1] ကို ဖွင့်တောင်ဖွင့်ထားလိုက်ပြီမို့လား။
  
တစ်ဖက်မှာ စန်းယွမ်ယွမ်ဟာ စိတ်ထဲကနေ ကျိတ်ဝေဖန်နေပေမဲ့ တစ်ဖက်မှာတော့ မျက်လွှာပင့်ကာ အဝေးတစ်နေရာကို လှမ်းကြည့်လိုက်လေ၏။ ထိုအကြည့်တစ်ချက်ဖြင့်ပင် သူမအနေဖြင့် ပြဿနာကို မြင်လိုက်ချေပြီ။
  
တကယ့်ကိုပင် ကွေ့ကွေ့ကောက်ကောက်သွားနေသော ရိက္ခာလှမ်းများကြားမှာ ၁၀ပုံ ၃ပုံလောက်က ရှင်းပြရခက်စွာ အနည်းငယ် သဟဇာတဖြစ်မနေခဲ့ပေ။

အနီးကပ်ဆို သေချာပေါက်မမြင်ရလောက်ပေမဲ့ အဝေးကနေဆိုလျှင်ဖြင့်တော့ သူတို့သွားနေသည့်ပုံစံဟာ တောင်ကြားတစ်ခုထဲမှာ ဖွက်ထားသည့် ကြက်သွန်ဖြူ ၂ဧက ၃ဧက ကြီးလို ထင်းနေကာ မျက်စိကျစရာကောင်းနေသည်။
  
ဖြစ်နိုင်သည်ကတော့ ပစ္စည်းတွေ ရောနှောသောင်းပြောင်းထည့်ထားဟန်ပင်။
  
"ယုံးပြည်နယ်မှာရော အကျင့်ပျက်အရာရှိတွေ မရှိဘူးလား"

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now