အပိုင်း ၂၆၄ ၂၆၅ ၂၆၆

1.4K 211 6
                                    

အပိုင်း ၂၆၄

တောင်ပေါ်လမ်းကနေ ဆယ်လီကျော်ကျော်လောက် လျှောက်လာကြပြီးနောက် စန်းပုကျင့်က ဟောဟဲဆိုက်သထက်ဆိုက်လာသည်။ ရုတ်တရက် သူ့ကိုယ်က စောင်းကျသွားကာ သစ်ပင်ပင်စည်ကြီးကို မှီချ၍ မလှုပ်နိုင်တော့ချေ။

သူမှီချလိုက်သည့်အရှိန်က အတော်ပြင်းတာမို့ သစ်ပင်အိုကြီး၏ အကိုင်းပေါ်က သစ်ရွက်အကုန်လုံး ဖရိုဖရဲတုန်ခါသွားလေသည်။

"ညီမလေး... ဆေး...အဲ့ဒီပါးစပ်ကြီးကြီးနဲ့ပန်းပွင့်ကို စမ်းကြည့်။ အစ်ကိုကြီးအတွက် အဆိပ်ဖြေနိုင်မလားလို့"

စန်းပုကျင့်မှာ ပင့်သက်ပြင်းပြင်းရှိုက်နေရင်းမှ ပြောလာ၏။

စန်းယွမ်ယွမ် : "........."

ယုံးဝူမင့်ပြောတဲ့ မျက်နှာကြီးကြီးနဲ့ပန်း ဆိုတာကတင် တော်တော်လွန်နေပြီ။ ဘာ! ပါးစပ်ကြီးကြီးနဲ့ ပန်း...ထပ်ပြီး အဲ့ဒါဘယ်လိုကြောက်စရာကောင်းတဲ့အရာတုန်း။

လူတိုင်းက ခုညအနည်းငယ်စိတ်လွတ်နေသည်မို့ စန်းယွမ်ယွမ်လည်း ခုထိအသိမဝင်သေးပေ။

ခဏ...မီးဒြပ်စင်ကျင့်ကြံသူတစ်ယောက်က အဲ့ဒီသွေးကိုသောက်မယ်ဆိုရင် ကျင့်ကြံဆင့်တွေကို ဖိနှိပ်ခံထားရပြီး ကာမအားတိုးဆေးအာနိသင်လည်း ရှိနေမှာလို့ စန်းပုကျင့်ပြောဖူးသလိုလိုရှိ...ရှိ။

သူမ အမြန်ပင် နေကြာပန်းတစ်ပွင့်ကိုဆင့်ခေါ်ကာ ပွင့်ချပ်ကို စင်္ကြာလိုလည်စေရင်း အစိမ်းရောင်အမှုန်တို့ကို စန်းပုကျင့်အပေါ် ပက်ဖြန်းစေလိုက်သည်။

ထင်မှတ်မထားစွာပင် ဝိညာဥ်စွမ်းအားအမှုန်များ သူ့ကိုယ်ပေါ် ဖြန်းမိသည်နှင့် သစ်သားခြောက်ကို မီးစွဲသွားသလို ဟုန်းခနဲလောင်သွား၏။ စန်းပုကျင့်မှာ ရုတ်တရက် တုန်ယီသွားရင်း မျက်လုံးတွေပြူးကျယ်သွားသည်။

ဆေးနီခြယ်မထားသည့် သူ့မျက်နှာဖြူဖွေးဖွေးက ကြက်သွေးရောင်အဖြစ်အမြန်ပြောင်းလဲလာကာ နားရွက်အစုံဟာလည်း သွေးထွက်တော့မတက် ရဲတွက်လာသည်။

သူက သစ်ပင် ပင်စည်ကြီးကို လက်နောက်ပြန် ကုတ်ခြစ်ရင်း ခက်ခက်ခဲခဲစကားဆိုလိုက်၏။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Onde histórias criam vida. Descubra agora