အပိုင်း ၃၁၀ ၃၁၁ ၃၁၂

981 140 2
                                    

အပိုင်း ၃၁၀

ဟန်ရှောင်လင်သည် ရေစီးကြောင်းကို သူ့အင်္ကျီလက်ဖြင့်တားကာ ခဏမျှစောင့်နေလိုက်သည်။ ချင်ဝူရွှမ်း၏ ဒေါသထွက်နေသလိုမျိုး စုဖောင်းနေသည့် ပါးစပ်အားမြင်လိုက်ရတော့ သူပိုပြီး စိတ်မရှည်ဖြစ်လာသည်။

သူတားဆီးပိတ်ဆို့ထားသည့်ရေတွေက နေရာမှာပုံကာ တဖြည်းဖြည်းမြင့်သထက်မြင့်လာတာ မြင်တော့ ဟန်ရှောင်လင်၏ နှလုံးသားက စိတ်တိုလာသည်။ ထို့နောက် သူ့အင်္ကျီလက်ကို ခပ်ကြမ်းကြမ်းယမ်းကာ လက်ကို ပြန်ဆွဲယူလိုက်တော့သည်။

 အနီရောင်ဟယ်ဟွမ်းပန်းကား ရေထဲမှာ တဝဲလည်လည်ဖြစ်နေပြီးနောက် ရှေ့သို့ ဆက်စီးသွားလေသည်။

ချင်ဝူရွှမ်းသည် တစ်ချက်အော်မိသွားကာ အမြန်လက်ဆန့်ယူလိုက်သည်။

သို့ငြား နောက်ကျသွားပြီဖြစ်သည်။

သူမနှလုံးသားက ကျုံ့ဝင်သွားကာ မျက်လုံးပင့်၍ ဟန်ရှောင်လင်ထံ လှမ်းကြည့်လိုက်တော့ သူ့မျက်နှာချောချောက မှုန်မှိုင်းအေးစက်ပြီး သူမအား တစ်စက်တောင်မကြည့်တော့တာကို မြင်လိုက်ရလေသည်။

ချင်ဝူရွှမ်း ဂရုမထားနိုင်တော့။ သူမ ခုံကနေ အမြန်ထရပ်ကာ ရေစီးကြောင်းနောက်လိုက်၍ အနီရောင်ဟယ်ဟွမ်းပန်းကို သူမလက်ထဲသို့ လှမ်းဆွဲလိုက်တော့သည်။

သည်တစ်ခါတော့ ယင်းအဖြစ်အပျက်က လှောင်ရယ်သံအများကြီးကို ဖြစ်သွားစေကာ အထူးသဖြင့် ပိုင်ညီအစ်မဖြစ်ကာ ထိုအသားဖြူဖွေးဖွေးညီအစ်မနှစ်ယောက်ဟာ ရှေ့တိုးနောက်ယိမ်းပုံစံဖြင့် ရယ်မောနေကြတော့သည်။

"ဒီလို အလောတကြီးဖြစ်တဲ့လူမျိုး ရှိသေးတာလား"

"ရွှေကမာကို ပစ်ချထားပေမဲ့ ဘယ်သူမှ မလိုချင်တော့မှာကို ကြောက်ရသေးတယ်လား"

မည်သို့ဆိုစေ ဟန်ရှောင်လင်နှင့် ချင်ဝူရွှမ်းကား သည်နေ့မှာတော့ သူတို့ဟာသူတို့ လူရယ်စရာဖြစ်အောင် လုပ်မိသွားကြပြီဖြစ်သည်။

တခြားလူတွေကတော့ ဘယ်လိုပင် မယဥ်ကျေးကြပါစေ။ ပိုးစုန်းကြူးများအနေဖြင့် နေမင်းလမင်းကို ယှဥ်ပြိုင်ဖို့ခက်သည့်နှယ် လူပြောစရာစကားဝိုင်းကို လျော့ချခဲ့လို့ မရနိုင်ခဲ့ချေ။

ဗီလိန်ကြီးပေါင်ပဲဖက်ပါရစေ (ဘာသာပြန်)Where stories live. Discover now