Chapter 4 - ကလေးအဖေက ကျီကျန်းထျင်
စားသောက်လို့ ပြီးတဲ့အခါမှာတော့ ကျီချီစန်းက ကုယွမ်ရဲ့ အစီအစဥ်ကို မေးလာတယ်။
"အိမ်က ပြန်ရနိုင်ပေမယ့် နှစ်ရက်လောက်တော့ အချိန်ပေးရမယ်။ အိမ်ပြန်မရခင် ရက်ပိုင်း အတောအတွင်း မားမှာ နေစရာနေရာ ရှိလား"ကျီချီစန်းရဲ့ စကားက ကုယွမ်ကို လှုံ့ဆော်လိုက်သလိုပင်။
သူမမှာ အဲ့အိမ်လေး တစ်လုံးပဲရှိတာလေ။ သေချာပေါက်ကို သူမအတွက် အခြားနေစရာ နေရာ မရှိဘူးပေါ့ ...
ဆွေမျိုးတွေနဲ့ သူငယ်ချင်းတွေကို အကူအညီတောင်းဖို့ကျပြန်တော့လည်း သူမမှာ အရင်းနှီးဆုံးဆွေမျိုး ဆိုလို့ ဆုံးသွားတဲ့ အဖွားပဲ ရှိတာ။ အခြားဆွေမျိုးတွေကလည်း အဆက်အသွယ် မလုပ်ဖြစ်တာ၂၅ နှစ်တောင် ရှိပြီ။ ဒါဆို သူငယ်ချင်းတွေကရော၊ သူမမှာ ပြောစရာစကား မရှိတော့ပေ။
သူမ ရုပ်ရှင်အကယ်ဒမီကို ဝင်ခွင့်ရကတည်းက တစ်နှစ်ကျော်နီးပါး နေမကောင်းဖြစ်နေခဲ့တာပါ။အဲ့တော့ ပုံမှန်အားဖြင့် သူမက အတန်းဖော်တွေနဲ့ ဆက်သွယ်ခြင်း မရှိ။ သူမကို အဖော်ပြုပေးခဲ့တဲ့ တစ်ယောက်တည်းသော သူက သူမရဲ့ကောင်လေး လုကျီးချန် ...
လုကျီးချန်ကို တွေးမိတော့ သူမအလိုအလျောက် မျက်မှောင်ကြုံ့မိကာ ဝမ်းနည်းစွာဖြင့်ပင် ...
"လောလောဆယ်တော့ နေဖို့နေရာ မရှိသေးဘူး။
အဲ့ဒါကြောင့် မားရဲ့အိမ် ပြန်ရဖို့နည်းလမ်းရှာမတွေ့မချင်း အိမ်တစ်လုံးငှားနေဖို့ စီစဥ်ထားတယ်"ကျီချီစန်း ခေါင်းညိတ်လိုက်ကာ အစမ်းသဘောဖြင့် မေးလာတယ်။ " ဒါဆို မား… …"
သူတို့က ကမ္ဘာပေါ်မှာ သွေးသားဆက်နွယ်မှုအရ အရင်းနှီးဆုံးဖြစ်ကြပေမယ့် တကယ်တမ်းတော့ တစ်ယောက်နဲ့တစ်ယောက် သတိထားနေကြသေးတယ်။
ကျီချီစန်း အနည်းငယ် ညည်းညူလိုက်မိပြီး သူ့ မားရဲ့ ကိုယ့်ကိုကိုယ်လေးစားမှု၊ တစ်နည်းအားဖြင့် မာနမထိခိုက်အောင် ဘယ်လိုပြောသင့်လဲဆိုတာ အဖြေထုတ်နေရတယ်။
"မားမှာ ပိုက်ဆံရှိလား"
ကုယွမ်က ခေါင်းတဆတ်ဆတ်ညိတ်လိုက်ပြီး ...
"ပိုက်ဆံလား … မားမှာ ပိုက်ဆံပြတ်လပ်မနေပါဘူး … အများကြီးကျန်သေးတယ် … စိတ်ချ … အိမ်တစ်လုံးငှားဖို့တော့ လုံလောက်ပါတယ် "