Chapter 170

2.3K 204 2
                                    

Chapter 170 (အလုပ်ရူးပီသတဲ့ နျဲ့နန်ချင်း)

နျဲ့ယွီရဲ့ အကြံအရ နီကိုးလက်စ်ကို အင်တာတိန်းမန့်အသိုင်းအဝိုင်းက ကန်ထုတ်ဖို့ လုပ်ထားပေမယ့် တစ်စုံတစ်ယောက်က သူ့အစီအစဥ်ကို ကြားဖြတ်ဖျက်စီးလိုက်တယ်။

လက်သည်တရားခံကတော့ အခြားသူမဟုတ်၊ သူ့ရဲ့အဖေ နျဲ့နန်ချင်း ဖြစ်နေတယ်လေ။

နျဲ့ယွီ : "ပါး ဘာကိုဆိုလိုတာလဲ၊ ဘာလို့ ဒီကိစ္စကို ကြားဝင်နှောင့်ယှက်ရတာလဲ၊ နီကိုးလက်စ်ကို မောင်းမထုတ်ရင် မားအတွက် အန္တရာယ်ရှိတယ်ဆိုတာရော သိရဲ့လား"

"နျဲ့ယွီ၊ လူကြီးတွေရဲ့ အရေးကိစ္စကို ဝင်မပါသင့်ဘူး၊ မင်းရဲ့အမေမှာလည်း သူ့မဘာသာ တွေးထားတာ ရှိကောင်းရှိလိမ့်မယ်"

"ပါး…ဒါပေမယ့်"

"ဒါပေမယ့် ဘာဖြစ်လဲ ဆက်ပြောလေ"

နျဲ့ယွီ တိတ်ဆိတ်သွားတယ်။
ဖုန်းတစ်ဖက်မှာရှိနေတဲ့ နျဲ့နန်ချင်းတစ်ယောက် မျက်မှောင်ကျုံ့လိုက်တယ်။

မစ္စကုက လှပပြီး ကြင်နာတတ်တဲ့ လူကောင်းတစ်ယောက်ဖြစ်တယ်။ သူမက သူ့ရဲ့သားကို ဆုံးမသင်ပြပေးနိုင်တဲ့အပြင် နျဲ့ယွီရဲ့ အမေရင်းလည်း ဖြစ်တယ်။

Bararila ပရဟိတ လေလံပွဲမှာတုန်းက သူတွေးမိသေးတယ်။ သူမသာဆိုရင် သူလက်ထပ်ဖို့ အဆင်ပြေလောက်တယ်ပေါ့။

ဒါပေမယ့် မကြာဘူး၊ ဟော်ကျင်းချန် ပေါ်လာခဲ့တယ်။

ဟော်ကျင်းချန်က နေရာတိုင်းမှာ သူ့ထက် ပိုပြီး သာတယ်။ အဓိကအချက်က သူ့ထက်ငယ်တယ်။
နျဲ့နန်ချင်းတစ်ယောက် သူ့နှလုံးသားထဲမှာ တိတ်တိတ်လေး နှိုင်းယှဥ်ကြည့်လိုက်တော့ ဟော်ကျင်းချန်က ကုယွမ်နဲ့ ပိုပြီး သင့်လျော်တယ်လို့ ခံစားခဲ့ရတယ်။

အဲ့အချိန်ကစပြီး သူ ကုယွမ်အကြောင်း ထပ်မတွေးတော့ပါဘူး။

သေချာတာပေါ့။ အရေးအကြီးဆုံးအချက်က သူအလုပ်ရှုပ်နေတယ်လေ။ သူ့မှာ ကိုင်တွယ်ဖြေရှင်းရမယ့် ကိစ္စတွေနဲ့ အရေးကြီးတဲ့အစည်းအဝေးတွေ တက်ရောက်ဖို့ရှိတယ်။ ဘယ်လိုလုပ် ချစ်ကျွမ်းဝင်ဖို့ အချိန်ရှိမှာလဲ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now