Chapter - 11 လူယုတ်မာကို ပညာပေးရမယ်
"စစ်သည်တော်၏ ဓားရှည်တွင် သွေးမစွန်းဘူး"
ဤစကားများက ကုယွမ် ခေါင်းထဲတွင် ပဲ့တင်ထပ်နေခဲ့တယ်။သူမရဲ့ ဈေးပေါတဲ့သားလေးက ထိုသို့ပြောသောအခါ ကုယွမ် က သက်တောင့်သက်သာရှိတဲ့ ဆိုဖာပေါ်မှာ ခါးကို တည့်မတ်စွာ ထိုင်လိုက်ပြီး သူမသားလေးကို အရှက်မဲ့စွာပဲ မေးလိုက်တယ်။
"စစ်သည်တော်ရဲ့ ဓါးရှည်မှာ သွေးမစွန်းအောင် ဘယ်လိုလုပ်ရမှာလဲ"ကျီချီစန်း : "ဒီကိုလာ"
ကုယွမ်က အမြန်ထပြီး သူမသားဆီ ပြေးသွားတယ်။ ကျီချီဆန်း က သူ့ တက်ဘလက်ကို ဖွင့်လိုက်ပြီး "ဒီမှာကြည့်"ကုယွမ် ငုံ့ကြည့်လိုက်တဲ့အခါ အံ့ဩသွားတယ်။
သူမမြင်လိုက်ရတဲ့အရာက လုကျီးချန်ဆီက လူသိမခံနိုင်တဲ့ကိစ္စရဲ့ ဝေ့ပေါ်စခရင်ရှော့ (Weibo Screenshot) တစ်ခုပါ။၎င်းသည် နိုက်ကလပ်တစ်ခုတွင် တစ်ရက်တည်းမှာဘဲ အမျိုးသမီးတစ်ယောက်နှင့် လုကျီးချန်တို့ မည်ကဲ့သို့ ရှိနေသည်ကို ကွက်ကွက်ကွင်းကွင်းပြသထားပြီး လုကျီးချန်နှင့် ကောင်မလေးပုံတို့ကိုပင် ပူးတွဲဖော်ပြခဲ့တယ်။
ပုံထဲမှာ လုကျီးချန်က သူ့ရဲ့ငန်နေတဲ့ ဝက်လက်ကို
ကောင်မလေးပေါ်တင်ထားတယ်။ကုယွမ်သည် တက်ဘလက်ကို စိတ်ဝင်တစား ကိုင်
ဆောင်ကာ ပုံကို ချဲ့လိုက်ပြီး ဂရုတစိုက်ကြည့်နေတယ်။
"ဒါက သူလား"
ကျီချီစန်းသည် မှန်းဆ၍မရသောပုံစံဖြင့် ...
"အရေးကြီးလို့လား"ကုယွမ် ခဏလောက် အေးခဲသွားပြီး ကုလားထိုင်ရဲ့
လက်ကိုင်ကို ဝမ်းသာအားရ ပုတ်လိုက်ရင်း ...
"မှန်တယ်။ သူဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အရေးမကြီးဘူး။ နဂိုကတည်းက သူက လူယုတ်မာဘဲဟာ"ထို့နောက် သူမသည် တက်ဘလက်ကို ရွှင်မြူးစွာ ကိုင်လိုက်ပြီး ထိုအောက်မှာ ဝင်ရေးထားကြတဲ့ မှတ်ချက်များကို မြိန်ရေရှက်ရေဖြင့် ကြည့်နေတော့တယ်။
ဝေ့ပေါ် (Weibo) မှာ တင်လိုက်တာနဲ့ ချက်ချင်းဆိုသလို hot search ထဲဝင်သွားပြီး ထောင်သောင်းချီတဲ့ လူတွေက အဲ့ပို့စ်ကို ပြန်တင်ခဲ့ကြတယ်။