Chapter 154

2.3K 198 2
                                    

Chapter 154 (ဆေးမထိုးချင်ဘူး)

အေးဂျင့်ရဲ့ မျိုးရိုးနာမည်က 'စွန်း' ဖြစ်ပြီး နှစ်မှာ အသက် ၄၀ ကျော်နေပါပြီ။ ကုယွမ်ကတော့ အစ်မစွန်း လို့ပဲ ခေါ်တယ်။

သူမက ဝါရင့်အေးဂျင့်ဟောင်း တစ်ယောက်လည်း ဖြစ်တယ်။ ပရိသတ်တွေ ဝရုန်းသုန်းကား ဖြစ်နေတာကို ကြည့်ရင်း မတော်တဆ ပြဿနာတစ်ခုခု ဖြစ်လာမှာကို စိုးရိမ်နေခဲ့တာပေါ့။

အစ်မစွန်းက သူ့ဘေးက လက်ထောက်ကို ကြည့်လိုက်တယ်။ လက်ထောက်ဖြစ်သူမှာ အသက်နှစ်ဆယ်ကျော် ပိန်ပါးတဲ့ လူငယ်လေးဖြစ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ပုံစံက ကုယွမ်နဲ့ ဆင်တူတယ်လေ။

အခု အကြံရပြီ။ လက်ထောက်ကို အဝတ်တွေချွတ်ခိုင်းကာ ကုယွမ်နဲ့ အစားထိုးလိုက်မယ်။

လက်ထောက်မှာ ခဏလောက် ကြက်သေသေသွားပြီးမှ နားလည်သွားတော့ အလျင်အမြန် တုံ့ပြန်လိုက်တယ်။

ဘာပဲဖြစ်ဖြစ် သူက အဝတ်တွေ အထပ်ထပ် ဝတ်ထားတာပဲလေ။ အပေါ်ဆုံးက ကုတ်တစ်ထည်ပဲ လဲဝတ်ဖို့ လိုတာပါ။

ထို့နောက် ကုယွမ်နှင့် လက်ထောက်တို့ အဝတ်အစား လဲဝတ်လိုက်ကြတယ်။

လက်ထောက်က ပိန်ပေမယ့် ယောကျ်ားလေးတစ်ယောက် ဖြစ်နေသေးတယ်။ ကုယွမ်က သူ့ ဂျက်ကတ်ကို ဝတ်ပြီးတာနဲ့ သူမရဲ့ဆံပင်တွေကို စုစည်းကာ ဦးထုပ်နဲ့ ဖုံးထားလိုက်တယ်။ အခု သူမရဲ့ပုံစံက အာရုံစိုက်မကြည့်ပါက မိန်းကလေးမှန်း မသိနိုင်တော့ပေ။

ကင်မရာနဲ့ ဖုန်းတွေကို ကိုင်ထားကြတဲ့ ပရိသတ်တွေက ကုယွမ်ရဲ့ကားဆီကို အပြေးအလွှား ရောက်လာကြပါတယ်။ ထိုအချိန်မှာ MOMA မဂ္ဂဇင်းရဲ့ တာဝန်ရှိသူက ရဲစခန်းကို ဖုန်းဆက်ပြီး အကူအညီတောင်းဖို့ ကြိုးစားနေတယ်။

ကုယွမ်ရဲ့ ဘော်ဒီဂတ်တွေက စနစ်တကျ လေ့ကျင့်ထားကြတဲ့ လူတွေ ဖြစ်နေပေမယ့် ပရိသတ်အများကြီးကိုတော့ မကိုင်ကွယ်နိုင်ပါဘူး။ လောလောဆယ် သူတို့မှာ ကုယွမ်ရဲ့ကားနဲ့ ကားထဲက တိတ်တဆိတ်ထွက်လာတဲ့ ကုယွမ်ကိုသာ ကာကွယ်ပေးနိုင်တယ်။

ကုယွမ်က လက်ထောက်ရဲ့ အဝတ်အစားတွေ ဝတ်ထားပြီး ဆင်းလာတဲ့အချိန်မှာ လက်ထောက်က ကုယွမ်ရဲ့ အဝတ်တွေနဲ့ ပရိသတ်တွေရဲ့ အာရုံကို ဆွဲဆောင်ထားခဲ့တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now