Chapter 181

2.4K 192 4
                                    

Chapter 181 (စေ့စပ်ပွဲ)

မွေးနေ့ပွဲပြီး နောက်ပိုင်း ကုယွမ်နဲ့ ဟော်ကျင်းချန်
တို့ဟာ စေ့စပ်ပွဲလုပ်ဖို့ ပြင်ဆင်ကြပါတယ်။ ကျင်းချန်ကတော့ ကုယွမ်ရဲ့ဆန္ဒအတိုင်း ရိုးရိုးရှင်းရှင်းလေးကို အထက်တန်းကျကျ လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။

သည်တော့ ကုယွမ်ကလည်း သားတွေကို အုပ်စုဖွဲ့ စကားပြောခန်းနေ အခြေအနေကို ပြောပြရတော့တာပေါ့။ သားတွေကလည်း တစ်ယောက်တစ်ပေါက် မေးခွန်းတွေ မေးကြတယ်။

ကျွင်းထျန် : “မား၊ မစ္စတာ ဟော်က မားကို တရား
ဝင် လက်ထပ်ခွင့်ရော တောင်းပြီးပြီလား။ စိန်လက်စွပ်ကို မားရော ကြိုက်လား”

ချီစန်း : “စေ့စပ်ပွဲနဲ့ လက်ထပ်ပွဲ ကြားမှာ အချိန်ဘယ်လောက်ကွာမှာလဲ၊ မား”

နျဲ့ယွီ : “မင်းတို့တွေကလေ၊ တကယ် မေးရမှာကိုမေ့နေကြတယ်။ မား၊ မား လက်ထပ်ပြီးရင် သူနဲ့သွားနေမှာလား၊ သူက ကျွန်တော်တို့နဲ့ လာနေမှာလား”

သည်စကားကို ကြားတော့ ကုယွမ်မ ဖြေတတ်ဘဲဖြစ်သွားတယ်။

ဒါကို သိတဲ့ ကျွင်းထျန်က စကားထောက်ပေးလိုက်
တာပေါ့။
“ဒါတွေက နောက်မှ ငါတို့ ဆွေးနွေးလို့ရတာပဲ။ ထားလိုက်ပါဦး”

“ဒါနဲ့ ငါတို့ မားရဲ့စေ့စပ်ပွဲကျရင် ယင်ဖုန်းကိုပါ ခေါ်ပြီး အတူတူ ပွဲတက်ကြမယ်နော်”

အားလုံးက သဘောတူ လက်ခံပြီး ကုယွမ်လည်း စကားပြောခန်းကနေ ထွက်လာခဲ့လိုက်ပါတယ်။

သည်လိုနဲ့ ကျင်းချန်တစ်ယောက် အလုပ်ကနေ ပြန်လာတော့ ကုယွမ်က သည်အကြောင်းကို ပြောပြလိုက်တယ်။

ကျင်းချန် (ရယ်မောလျက်) : “ကိုယ် တွေးထားပြီး
သားပါ၊ ယွမ်ယွမ်ရဲ့”

သည်လိုဆိုတော့ ကျင်းချန်က စေ့စပ်သေချာတဲ့သူ
ဆိုပြီး ကုယွမ်တစ်ယောက် လေးစားရပြန်တယ်။

တကယ်တော့ အခုက ကုယွမ်ဟာ ဟော်မိသားစု
အိမ်မှာနေနေတာပါ။ သည်အိမ်မှာနေရတာ တကယ့်ကို သက်တောင့်သက်သာ ရှိတယ်။ နောက်ပြီး ဟော်ဘွားဘွားက သူမကို ကောင်းကောင်း ဆက်ဆံပေးပါတယ်။ ဟော်ဘိုးဘိုးကလည်း စကားအများကြီး မပြောပေမယ့် သူ့ကိုတော့ ကြင်ကြင်နာနာဆက်ဆံတယ်လေ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now