Chapter 183

2.3K 188 2
                                    

Chapter 183 (ကုယွမ်တစ်ယောက် မူးလဲခြင်း)

ဟော်ကျင်းချန်က မသိချင်ယောင်ဆောင်ကာ ကုယွမ်ကို ပြောလိုက်တယ်။
“ယွမ်ယွမ်၊ လာလေ၊ ကိုယ်တို့ အောက်ထပ် ဆင်းကြ
မယ်ဆို”

ကုယွမ် (ခေါင်းညိတ်လျက်) : “အွန်းအွန်း၊ ဟော့ပေါ့ စားဖို့အတွက် ပါဝင်ပစ္စည်းတွေ ဝယ်ရမယ်”

အဲ့အချိန်မှာ ထိုအမျိုးသမီးက ခနဲ့သဲ့သဲ့ပြောလိုက်တယ်။
“ကြည့်စမ်းပါဦး။ အရင် မိန်းမကို တွေ့တာတောင် နှုတ်မဆက်ဘူးပဲ။ ဒါနဲ့ အခုမြင်နေရတာကရော တကယ်ကြီးလား။ မစ္စတာ ဟော်က ကောင်မလေး တစ်ယောက်ရဲ့ လက်ကို ကိုင်ထားတယ်တဲ့”

သည်စကားကို ကြားတော့ ကျင်းချန်ဟာ မသတီတဲ့ မျက်လုံးတွေနဲ့ “ဂါဘရီရယ်လာ၊ အသိမိတ်ဆွေတ
ယောက်အနေနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ကျုပ်လက်ထပ်မယ့် မိန်းကလေး ကုယွမ်ပါ” လို့ ပြောလိုက်တယ်။

နောက်တော့ ကုယွမ်ရဲ့ပုခုံးလေးကိုညင်သာစွာ
ဖက်လိုက်ကာ “ယွမ်ယွမ်၊ ကိုယ် မင်းကို ပြောပြ
ဖူးပါတယ်။ ဒါက ကိုယ့်ရဲ့ဇနီးဟောင်း ဂါဘရီရယ်လာတဲ့” လို့ ပြောလိုက်တယ်။

ဘယ်လိုဖြစ်ပြီး အဲ့ကောင်မလေးကို သူက ညင်ညင်သာသာ ပုခုံးလေး ဖက်နိုင်ရတာလဲ။ သူမတုန်းက လက်ထပ်ပြီးတာတောင် လက်ကို ကိုင်ဖို့အရေး သူ့ဘက်က ရွံရှာနေတာမျိုး မလား။

ကျင်းချန် : “ဒါဆို၊ ငါ့ ကောင်မလေးကို ဈေးဝယ်
ကူလိုက်ပေးလိုက်ဦးမယ်”

ဂါဘရီရယ်လာ : “ဘာရယ်၊ ရှင်က သူ ဈေးဝယ်ထွက်တာကို လိုက်စောင့်ပေးမယ်တဲ့၊ ဟုတ်လား”

“ဒီမှာ ကောင်မလေး၊ မင်း သူနဲ့ လက်ထပ်ရင် ပျော်ရမှာ မဟုတ်ဘူးနော်။ သူက ဂေးတစ်ယောက်ဆိုတာ မင်း မသိဘူးလား”

သည်စကားကို ကြားတော့ သူမ အရမ်းစိတ်တိုမိသွားတယ်။ စစချင်းကတည်းက အပြောအဆိုတွေကို သဘောမကျပေမယ့် ကျင်းချန်ရဲ့ဇနီးဟောင်းဖြစ်တာကြောင့် ကျင်းချန်ကိုပဲ ဖြေရှင်းခွင့်ပေးထားတာပါ။ အခုကတော့ မရတော့ဘူး။ သူ ချစ်ရတဲ့ယောက်ျားကိုများ ဂေး တဲ့။

သူမ ဂါဘရီရယ်လား အနား သွားလိုက်ပြီး လက်ကိုဆွဲကာ ပြောလိုက်တယ်။
“လာ၊ ကျွန်မနဲ့ လိုက်ခဲ့ပါဦး”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now