Chapter 106

3.8K 370 3
                                    

Chapter 106 (မွေးနေ့အတွက် စီစဉ်ကြမယ်)

ဟော်လန်တင်းတစ်ယောက်ကတော့ ကုယွမ်က သူ့အမေလို့ သိပြီးကတည်းက ကုယွမ် အနားကနေ ခွာကို မခွာသေးပါဘူး။

Bararina ပရဟိတ လေလံပွဲညမှာ ကုယွမ်က နျဲ့ယွီအား နှစ်သိမ့်ပေးနေသည်ကို သူတွေ့ခဲ့ရတယ်လေ။

လန်တင်းဟာ ခါးထောက်ကာ လမ်းလျှောက်နေခဲ့ပါတယ်။ နောက်ပြီး သူအကျယ်ကြီး အော်လိုက်တယ်။
“ကျွန်တော်ရဲ့ အစ်ကို ၃ ယောက် ...”

နျဲ့ယွီကတော့ ကျူးကော အိမ်တော်ထိန်းကို ပစ္စည်းတွေသယ်လာခိုင်းနေခဲ့တယ်။
အဲ့အချိန်မှာ အသံစူးစူးတစ်ခုကို ကြားလိုက်တာပေါ့။

ကြည့်ရတာ ဟိုကလေးတစ်ယောက်တော့ အသံပြဲ
ကြီးနဲ့ အော်နေပြန်ပါပြီ။

ဟော်လန်တင်း : “ဟေး၊ အစ်ကိုတို့၊ ကျွန်တော် ရောက်လာတယ်”

နျဲ့ယွီ : “ဟမ်၊ ငါတို့မှာ ပျော်စရာရောရှိရဲ့လား”

ဟော်လန်တင်း : “ကျွန်တော်တို့ အတူတူပေါင်းပြီးပျော်စရာတွေ ဖန်တီးကြမယ်လေ”

နျဲ့ယွီ : “ဘာလဲ၊ ငါတို့အတူတူလား”

အဲ့သည့်ကောင်လေး ဘာတွေ ပြောနေတာပါလိမ့်။

ဟော်လန်တင်း : “ဟုတ်တယ်လေ၊ အတူတူပေါ့။ မားရော၊ ကောတို့ရောပဲ”

နျဲ့ယွီ : “တော်စမ်းပါကွာ”

ဟော်လန်တင်းဟာ ပြုံးရွှင်စွာနဲ့ ပြောလိုက်တယ်။
“မားက အရမ်းနူးညံ့ပြီး အနံ့လေးကလည်း မွှေးနေတာပဲ။ မား အနားမှာ အိပ်ရတာ နိဗ္ဗာန်ဘုံပဲ။ ပြီးတော့ အစ်ကိုကြီးကလည်း ကျွန်တော့်ကို ဖန်ပြွန်ထဲကနေ ထုတ်ပေးလာတာဆိုတော့ ကျေးဇူးရှင်ကြီးလို့ ပြောလို့ရတယ်။ အစ်ကို (၂) ကျ ပြန်တော့လည်း သူ DNA ကြိုစစ်ပေးထားလို့ ကျွန်တော်က မားရဲ့သား ဆိုတာ ခပ်မြန်မြန် သက်သေပြလို့ရခဲ့တာ”

နျဲ့ယွီ : “အမယ်၊ အစ်ကို (၂) အကြောင်းကို မင်းက ဘယ်လောက်သိလို့ အဲ့လောက်တောင် ချီးမွန်းခန်း ဖွင့်နေရတာလဲ”

ဟော်လန်တင်း : “ဒါဆို ကောကရော၊ အကို (၁) အကြောင်းကို သိတာကြာနေလို့ သူ့ဘေးမှာ ကပ်နေတာလား”

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now