Chapter 89 : (အမှန်တရား)
ကုယွမ်တစ်ယောက် အင်တာနက်ပေါ်မှာ တိတ်တိတ်လေး စစ်ဆေးနေခဲ့ပါတယ်။ အဆင့်မြင့်ဘရန်းတစ်ခုဖြစ်တဲ့ Tasakiffy ရဲ့ လက်ရာတွေအကြောင်း ရှာဖွေရင်း 'ရေတံခွန်' လို့ခေါ်တဲ့ လည်ဆွဲအကြောင်းလည်း တွေ့ခဲ့ရတယ်။
လည်ဆွဲပေါ်က စိန်နဲ့ ပုလဲတစ်ခုစီတိုင်းက ရှားပါးပြီး တန်ဖိုးကြီးတယ်တဲ့။ ဒီလို လည်ဆွဲမျိုး မှာယူဖို့က မလွယ်လောက်ဘူး။
ဟော်လန်တင်းက သူမကို လက်ဆောင်ပေးတုန်းက ပုံစံကို သတိရသွားတယ်။ သူ့ရဲ့ မျက်နှာသေးသေးလေးပေါ်က 'လက်ဆောင်က မကောင်းလို့ စိတ်ပျက်နေတာလား' ဆိုတဲ့ အမူအယာက စစ်မှန်လွန်းလို့ သူမ ကလေးငယ်ရဲ့ နှလုံးသားလေးကို မနာကျင်စေချင်တာကြောင့် လက်ခံခဲ့တာပါ။
သူမက လက်ဆောင်ကို ကလေးတွေ ကစားရတာကြိုက်နှစ်သက်တဲ့ အရုပ်လိုမျိုး တစ်ခုခုဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့တာ။
ဘယ်လိုလုပ် သည်လောက်အဖိုးတန်တဲ့ လက်ဆောင်မျိုး ဖြစ်နေမယ်လို့ တွေးမိမှာလဲ။
ကုယွမ်တစ်ယောက် သက်ပြင်းချလိုက်ကာ သူမ သည်ပစ္စည်းကို ပြန်ပေးချင်လာတယ်။ ဟော်လန်တင်းက ကလေးတစ်ယောက်ဆိုပေမယ့် ဘယ်တုန်းကမှ သာမန်ကလေးတစ်ယောက် မဟုတ်ခဲ့ပါဘူး။ သူ့ရဲ့ အတွေးတွေကို ခန့်မှန်းရတာက ပိုခက်ခဲတယ်လေ။
သူမ အင်တာနက်ပေါ်မှာ သည်နေ့ မီးပွိုင့်ပိတ်မှုကြီးအကြောင်း ရှာကြည့်လိုက်တယ်။ မီးပွိုင့်ကလွဲပြီး တစ်ခုခုမှားနေတာမျိုး မတွေ့ရဘူး။
ကားအက်စီးဒန့်လို တစ်ခုခုလည်း မဖြစ်ခဲ့ဘူး။
အဲဒါက သူမကို စိတ်သက်သာရာ ရစေတယ်။ အနည်းဆုံးတော့ ဆိုးရွားတဲ့ တိုက်ဆိုင်မှုမျိုး မရှိဘူးလေ။ထိုအချိန်မှာပဲ WeChat က မက်ဆေ့ချ်တစ်ခု ဝင်လာသဖြင့် ဖွင့်ကြည့်လိုက်တော့ ဟော်လန်တင်းပို့တာ ဖြစ်နေတယ်။
ဟော်လန်တင်း : "WeChat နာမည်က ဘာအဓိပ္ပါယ်ကြီးလဲ…တုံးအလိုက်တာ "
မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး : "ကလေးတစ်ယောက်ဖြစ်ပြီး မိုဘိုင်းဖုန်း သုံးနေတာလား"