Chapter 95 (လိုင်းသုံးနေတဲ့ ဟော်လန်တင်း)
ကုယွမ်က စာကိုဖတ်ပြီး စိတ်ပိုတို လာမိတယ်။ သွမ့်မူ အိမ်တော်ထိန်း ပြောတော့ ဖုန်းဆက်တိုင်း မအားပဲ အလုပ်ရှုပ်နေပါတယ်တဲ့။
ဒါပေမယ့် ဒေါသတွေ ငြိမ်သွားတဲ့နောက် သူမ တစ်စုံတခုကို နားလည်လိုက်တယ်။
သူ့ ပုံစံကိုကြည့်ရတာ မသိချင်ယောင်ဆောင်နေတာ
မဟုတ်သလို ကလေးကို ဂရုမစိုက်တဲ့ပုံလည်း မပေါ်ပါဘူး။သူ တကယ်ပဲ မသိတာလား။
ရွှမ်းကျီကျွမ်း ဇာတ်ကြောင်းက သူမ ခေါင်းထဲတိုး
ဝင်လာခဲ့တယ်။တကယ်ပဲ သွမ့်မူ အိမ်တော်ထိန်းက သည်လိုတွေ လုပ်နေတာလား၊ ဒါမှမဟုတ် တစ်ယောက်ယောက်ကများ ခလောက်ဆန်နေတာလား။
ကုယွမ်တစ်ယောက် စိတ်ခံစားချက်ကို ထိန်းချုပ်ပြီး တည်ငြိမ်စွာ ပြန်ပြောလိုက်တယ်။
“ဟုတ်တယ်။ ကလေးက အစာအိမ်နာနေတာ။ မိသားစုဆရာဝန်ကတော့ လာကြည့်ပြီး ဆေးညွှန်းရေးပေးသွားတယ်”ဟော်ကျန်းချန် : “ကျွန်တော် သိပြီ၊ မိန်းကလေးကု။
ကျေးဇူးပါပဲ”အဲ့သည့်နောက် ဘာစကားသံမှ မကြားရတော့ပါဘူး။
ကုယွမ် ခမျာ ဖုန်းက အင်တာနက်လိုင်းများ ပျက်သွားတာလားလို့ ထင်မိပါသေးတယ်။ ဘာလို့ဆို နောက်ထပ်မေးခွန်းတွေ ရှိလာရမှာကို ဘာမှမမေးလို့လေ။
ဟော်ကျန်းချန်က တကယ်ပဲ ဂရုမစိုက်ဘူးလား။ သူမကတော့ စိတ်သေချာနှစ်ပြီး ပြောနေတာပေမယ့် သူ့စာတွေက အလေးမထားဟန် ဖြစ်နေခဲ့တယ်။
ကုယွမ်ဟာ WeChat ကနေ ဟော်ကျန်းချန်ကို ပါးလှမ်းရိုက်ချင်နေပါတယ်။ ဟော်လန်တင်းလေးကို ကြည့်လိုက်တော့ အခုထိ မျက်မှောင်ကြုတ်ထားပြီးနာကျင်နေပုံပါပဲ။
ဒါကြောင့် သူမ ရုတ်တရက် ငိုချင်လာခဲ့တာပေါ့။
သည်ကောင်လေးက ဆိုးတယ် ဆိုပေမယ့် အပြစ်တင်လို့တော့ မရပါဘူး။ သူ့ အနားမှာ ဂရုစိုက်ပေးမယ့်သူမရှိပဲ လျစ်လျူရှုတတ်တဲ့ အိမ်တော်ထိန်းနဲ့ ခံစားချက်မဲ့တဲ့ သက်တော်စောင့်တွေပဲရှိတာကိုး။