Chapter 108

4K 405 5
                                    

Chapter 108 (အမေကို လုကြပြီလေ)

လန်တင်းဟာ လေးနှစ်သား ဉာဏ်လေးနဲ့ စဉ်းစားရင်းက အကြံတစ်ခုရလာခဲ့ပါတယ်။

အခုမှ အသက် ၂၀ ပဲ ရှိသေးတဲ့ မားဟာ တစ်ချိန်ချိန်မှာ လက်ထပ်ပြီး ကလေးမွေးမှာပဲလေ။

သူ့မှာ ရှိသမျှ ဆဲလ်တွေ အားလုံးကို သုံးပြီး ဘယ်လိုလုပ်ရမလဲဆိုတာ တွေးနေမိတယ်။

သွမ့်မူ အိမ်တော်ထိန်း : “တကယ်တော့လေ၊ မမလေး ကုက အသက် ၂၀ ပဲ ရှိသေးပြီး အရမ်းချောတာဆိုတော့ သူ့ကို လက်ထပ်ချင်တဲ့ အမျိုးသားတွေ ဝိုင်းနေမှာပဲ ထင်တယ်”

လန်တင်း : “မဟုတ်ဘူး။ ဒီလို မဖြစ်စေရဘူး ...”

သွမ့်မူ အိမ်တော်ထိန်း : “အာ… သခင်လေးကလဲ၊ မမလေး ကုက အချစ်စစ်ကို တွေ့ခွင့်ရှိသလို သူ လက်ထပ်ချင်ရင်လည်း လက်ထပ်ခွင့်ရှိတယ်လေ။ တားလို့မရဘူး သခင်လေးရဲ့”

လန်တင်း : “ဟုတ်တော့ ဟုတ်ပေမဲ့။ မားသာ လက်ထပ်သွားရင် ကျွန်တော်ကို ဘယ်ချစ်ပါတော့မလဲ”

သွမ့်မူအိမ်တော်ထိန်း : “အဲ့လိုမဟုတ်ပါဘူး သခင်လေးရဲ့။ ယောက်ျား မိန်းမ အချစ်နဲ့ သားအမိ အချစ်က လုံးဝ နှိုင်းယှဉ်လို့ မရပါဘူး။ မမလေးကု
က လက်ထပ်ပြီးသွားတောင် သခင်လေးကို လျစ်လျူရှူမှာ မဟုတ်ဘူး”

တကယ် အဲ့လိုဆိုပေမယ့် အခု မားမှာ ပြီးပြည့်စုံတဲ့ သားတွေရှိနေတာဆိုတော့ အဲ့ထက် မြင့်တဲ့သူနဲ့ပဲ အတူတူ ရှိချင်မှာပဲလေ။

သွမ့်မူ အိမ်တော်ထိန်းရဲ့ စိတ်ထဲမှာလည်း သည်လိုပါပဲ။
သူဟာ ဟော် အိမ်တော်မှာ အလုပ်လုပ်လာတာ အနှစ် နှစ်ဆယ်ကျော်ပါပြီ။ ဟော်ကျင်းချန် ငယ် စဉ်ကတည်းက ပြုစုပျိူးထောင်လာခဲ့ရတာဖြစ်
လို့ သခင်ကြီးက သာမန်လူတစ်ယောက်တော့ မဟုတ်မှန်း အရင်ကတည်းက သတိထားမိခဲ့တယ်။

အိမ်တော်ထိန်းတစ်ယောက်အနေနဲ့ သခင်ကြီးကို
ကြည့်ရသလောက် မမလေး ကုအပေါ်မှာ ဆက်ဆံ
တာတွေက ထူးခြားလှပါတယ်။ ဒါဟာ သခင်လေး
ရဲ့မိခင် ဖြစ်နေလို့များလားလို့ တွေးစရာရှိပေမယ့် မမလေး ကုဟာ သခင်ကြီးအတွက် လူတစ်ယောက်ကဲ့သို့ ပျော်ရွှင်စွာ နေထိုင်ဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်လာနိုင်တယ်လေ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now