Chapter 76

3.9K 456 1
                                    

Chapter 76 (လေလံပွဲ)

"အိုးမိုင်ဂေါ့၊ သူက ငါ့ကိုသတ်နေတာပဲ"

"သူက အရမ်းချောတယ်ဟ"

ဟော်စစ်ကျားရဲ့ မိန်းကလေး အတန်းဖော်နှစ်ယောက်က အသံတိုးတိုးဖြင့် ဟစ်ကြွေးနေကြတယ်။ ဒါပေမယ့် သည်လိုလူအများရှေ့မှာ သူတို့ရဲ့ပါးစပ်တွေကိုတော့ ဖုံးထားရတာပေါ့။

"သူက ငါတို့ဆီ လာနေတာဟ"

"သူ ငါ့ကို ကြည့်နေတယ်"

အတန်းဖော်နှစ်ယောက်ရဲ့ နှလုံးမှာ အရိုင်းဆန်စွာ ခုန်ပေါက်နေပြီး သူတို့ရဲ့မျက်နှာလေးတွေ နီမြန်းလာတယ်။

သူမတို့ကလည်း နျဲ့ယွီရဲ့ ပရိသတ်တွေလေ။ ဒါပေမယ့် သူမတို့ ကြိုက်တဲ့ အိုင်ဒေါတွေအများကြီးရှိတာကြောင့် နျဲ့ယွီက သူတို့ထဲမှ တစ်ယောက်သာဖြစ်တယ်။

နျဲ့ယွီက ချမ်းသာပြီး ချောမောခံ့ညားတဲ့အပြင် သူတို့က နျဲ့ယွီရဲ့ ရည်းစားဟောင်းတွေအကြောင်း အတင်းအဖျင်း ပြောလို့ရတယ်။ ဒါပေမယ့် နျဲ့ယွီက သူတို့ စိတ်ကူးယှဥ်ဖို့ ဝေးကွာလွန်းတဲ့တည်ရှိမှုတစ်ခုပါပဲ။

သည်နေ့ မတိုင်ခင်အထိ နျဲ့ယွီက သူတို့ရဲ့ အိုင်ဒေါတွေထဲက တစ်ယောက်။

ဒါပေမယ့် သည်အချိန်မှာ သူတို့ရဲ့ခံစားချက်တွေက ရုတ်တရက် ကွဲပြားလာတယ်။ နျဲ့ယွီက အရမ်း ချောမောခံ့ညားနေတယ်။ သူ့ရဲ့ချောမောမှုကြောင့် သူတို့ရဲ့ နှလုံးခုန်သံတွေတောင် ပိုကျယ်လာသလိုပဲ။

သူ့ရဲ့ ခန္ဓာကိုယ်ပေါ်ရှိ ဆိုဒ်လွန် အနီရောင်ဝတ်စုံက ဆွဲဆောင်မှုရှိပြီး တော်ဝင်ဆန်နေတယ်။ သူ့ရဲ့ ခြေတံရှည်တွေ တစ်လှမ်းချင်းလျှောက်လာပုံမှာ သူတို့ရဲ့ နှလုံးသားပေါ် ဖြတ်လျှောက်နေသလို ခံစားနေရတယ်။

အတန်းဖော်နှစ်ယောက် မျက်ရည်ကျလုနီးပါး ဖြစ်နေပါပြီ။
"သူက အရမ်း ချောတာပဲဟ"

ဟော်စစ်ကျားလည်း မှင်သက်နေတယ်။
သူမ စိတ်ဝင်စားတာက လော့ကျွင်းထျန် ကို။ Bazarila လေလံပွဲကို လာပြီး သူနဲ့ တွေ့ဆုံနိုင်မယ့် အခွင့်အရေးရမှာကို တွေးကာ စိတ်လှုပ်ရှားပြီး အိပ်ရေးပျက်တဲ့ညတွေ ရှိခဲ့တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now