Chapter 15

5.1K 594 13
                                    

Chapter 15

ကျီချီစန်းဟာ ကုယွမ်ကို စားပွဲဆီ ခေါ်လာခဲ့တယ်။
စားပွဲနဲ့ ထိုင်ခုံတွေကို ဝါးတွေနဲ့ ပြုလုပ်ထားပြီး ပန်းရနံ့လေးတွေ ထုံသင်းကာ ငှက်လေးတွေကလည်း သာယာစွာ တွန်ကျူးနေကြပါတယ်။ အမေနဲ့ သား စားပွဲမှာ နေရာတကျ ထိုင်ပြီးနေပေမယ့် ကုယွမ်ကတော့ ခုနက တွေ့ခဲ့တဲ့သူအကြောင်းကို စဉ်းစားမိနေတုန်းပါပဲ။

“သူက ဘယ်သူလဲ။ ဘာကြောင့် မင်းက အဲ့လောက်
တောင် သူ့ကို စိတ်တိုနေရတာလဲ”
အခုမှ ကိစ္စတစ်ခုလုံးကို ပြန်တွေးကြည့်လိုက်တဲ့အခါ အဲ့သည်ကောင်လေးကို အထင်သေးမိသွားတယ်။ ဘယ်လိုတောင်ပဲ လူတစ်ယောက်က ပထမဆုံးတွေ့ဆုံမှုမှာတင် မကောင်းတဲ့ အငွေ့အသက်တွေကို ခံစားရအောင် လုပ်နိုင်ရတာလဲ။ သေချာပေါက် သူက ကောင်းတဲ့သူ မဟုတ်ဘူး ...

အဖြူရောင်ဝတ်စုံပြည့်ကို ဝတ်ဆင်ထားတဲ့ ခပ်ထွားထွား လူငယ်တစ်ယောက် သူ့ကိုယ်သူ ရုပ်ရှင်ရိုက်နေတာများ ထင်နေလား မသိဘူး။

“သူ့နာမည်က နျဲ့ယွီ တဲ့” ကျီချီစန်း ကုယွမ်ကို ကြည့်လိုက်ပြီး နျဲ့ယွီရဲ့မိသားစုနောက်ခံ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ရမှုတွေကို အသေးစိတ် ပြောပြလိုက်ပါတယ်။
“ဒါနဲ့ သူက ကောလိပ်မှာကတည်းက ကောင်မလေးတွေကို ထည်လဲတွဲတာလေ။ အခုတော့ အင်တာနက် ဆယ်လီလေးတွေကို မျက်စိကျနေတယ်လို့ ပြောတယ်”

ကုယွမ် ချက်ချင်းပဲ သဘောပေါက်လိုက်ပါတယ်။
“ဒါဆို သူက ဇီးကွက်လိုမျက်နှာ၊ မျက်လုံးပြူးပြူး၊ နှာတံရှည်ရှည်နဲ့ အင်္ဂလန်သားပုံစံပေါ့”

ကုယွမ်တစ်ယောက် weibo သုံးရင်းနဲ့ အခုလက်တ
လော နာမည်ကြီးနေတာတွေကိုတော့ သိရှိခဲ့တယ်လေ။

ကျီချီစန်းတစ်ယောက် ကုယွမ်ကို စိတ်မကောင်းစွာကြည့်လိုက်တယ်။ ဆေးပညာသဘောအရ သူ့ရဲ့အမေဖြစ်နေတဲ့ ကောင်မလေးတစ်ယောက် တကယ့်ကမ္ဘာလောကကြီးနဲ့ အနှစ်နှစ်ဆယ်ကျော် အဆက်အသွယ်ပြတ်နေခဲ့ရခြင်းအတွက် သူ့မှာ
ဂရုစိုက်ရမယ့် တာဝန်အပြည့်ရှိတယ် မဟုတ်လား။

သူ သေချာပေါက် ကုယွမ်ကို ဗဟုသုတတွေ သင်
ပေးရမယ်။ သူ့အမေကို မကောင်းတဲ့ကောင်တွေ
ရဲ့လှည့်စားမှုတွေကို ယုံပြီး အရူးလုပ်မခံရစေချင်
ဘူး။ သူမကို ဘယ်သူကမှ ထိခိုက်အောင် လုပ်ခွင့် မရှိစေရဘူး။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now