Chapter 97

3.7K 450 6
                                    

Chapter 97 (ကြောက်ရွံ့နေတဲ့ လော့ကျွင်းထျန်)

ညဆယ့်တစ်နာရီအချိန်မှာ စာကြည့်ခန်းထဲက အမျိူးသားတစ်ယောက်ဟာဆိုရင်ဖြင့် ဖိုင်ထဲက အကြောင်းအရာတွေကို သေချာဖတ်ကြည့်နေလေရဲ့။

အဲ့ဖိုင်ထဲမှာ ဟော်ကျန်းချန်နဲ့ ဟော်လန်တင်းတို့အကြောင်းကို ပြောပြထားပါတယ်။

ဟော်ကျန်းချန်တစ်ယောက် ကွာရှင်းတဲ့နှစ်မှာပဲ ဟော်လန်တင်းလေး မွေးဖွားလာတဲ့အကြောင်းကိုလည်း ထည့်သွင်းရေးသားထားတာပါ။

သူ စဉ်းစားကြည့်ရသလောက်ဆို ဟော်ကျန်းချန်ရဲ့ကလေးဟာ မားရဲ့အငယ်ဆုံးသားလေးဖြစ်နိုင်တယ်။

သည်မနက်ပိုင်းက ကောင်လေးရဲ့ဆံပင်ကို ယူပြီး DNA စစ်ထားခဲ့ပါတယ်။ သည်ကလေးက သူနဲ့ သွေးသားတော်စပ်သလား ဆိုတာကို စစ်ဆေးဖို့ပါ။ ဆေးရုံကတော့ မနက်ဖြန်မနက် အဖြေသိရမယ်လို့ပြောတယ်လေ။

အဲ့သည့်နောက် ချီစန်းဟာ အတွင်းရေးမှူးကို လေယာဉ်လက်မှတ် စီစဉ်ခိုင်းလိုက်တယ်။

သူက အဲ့သုတေသနဌာနကို သွားကြည့်ပြီး ဒေါက်တာ လော့နဲ့ တွေ့ဆုံဖို့အတွက်ပေါ့။

အဲ့အချိန်မှာပဲ နျဲ့ယွီဆီကနေ ဖုန်းဆက်လာခဲ့တယ်။

နျဲ့ယွီနဲ့ သူ မတွေ့ဖြစ်တာတောင် ကြာနေပါပြီ။

ဖုန်းကိုင်လိုက်တာနဲ့ ငိုသံပါနေတဲ့ နျဲ့ယွီရဲ့စကားသံကို ကြားလိုက်ရတယ်။
“ကော၊ ငါ ကားအက်စီးဒင့်ဖြစ်လို့ မြန်မြန်လာခဲ့စမ်းပါ”

ကျီချီစန်း : “ကား အက်စီးဒင့်၊ ဟုတ်လား။ ဘယ်လိုဖြစ်တာလဲ မင်း တော်တော်ထိသွားလား”

နျဲ့ယွီ : “ဒီအတိုင်း အသေးအမွှားလောက်ပါ။ ဒီကိစ္စကို ငါ့အဖေ မသိစေနဲ့နော်။ မင်း တစ်ယောက်တည်းလာခဲ့”

ကျီချီစန်း: “အခု မင်းက ဘယ်မှာလဲ”

နျဲ့ယွီ : “ငါ WeChat ကနေ နေရာပို့ပေးလိုက်မယ်”

ဖုန်းချပြီးတာနဲ့ နျဲ့ယွီဟာ အဝေးပြေးလမ်းမနား
က ဆေးရုံလိပ်စာကို ပို့ပေးလိုက်ပါတယ်။

ချီစန်းကတော့ ချက်ချင်း ကိုယ်တိုင်ကားမောင်း
ကာ ထွက်လာခဲ့တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now