Chapter 5

5.9K 646 16
                                    

Chapter - 5 သိတတ်လိမ္မာတဲ့သား

ကြီးကျယ်ခမ်းနားနေတဲ့ ဗီလာထဲကို ကုယွမ် လမ်းလျှောက်ဝင်သွားတဲ့အခါမှာ သူမရဲ့ခြေထောက်တွေ ပျော့ခွေနေပါပြီ။ မမျှော်လင့်ဘဲ သူမ ရင်ထဲက နတ်ဘုရားနဲ့ သားတစ်ယောက်ကို ရရှိလာခဲ့တယ်လေ။

ဒါတင်မကသေးဘူး။ သူမ နတ်ဘုရားရဲ့ သားပိုင်ဆိုင်တဲ့ အထက်တန်းစားဗီလာမှာလည်း နေ
ထိုင်ခွင့်ရသေးတယ်။

ပုံမှန်အားဖြင့် ဒီလို မိုးနဲ့မြေကို ပြောင်းပြန်လှန်နိုင်လောက်တဲ့ အတွေ့အကြုံမျိုး သူမရဲ့ အတိတ်မှာ ကြုံတွေ့ရဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ခဲ့ပါဘူး။

ကုယွမ်တစ်ယောက် ဖော်ပြဖို့ခက်ခဲတဲ့ အဓိပ္ပါယ်ပါပါ အကြည့်တွေ သူမသားဆီ ပစ်ပို့လိုက်တယ်။
"သားက မင်းအဖေနဲ့ တော်တော်တူတာပဲ"

မတိုင်ခင်တုန်းက သူမသားမှာ အေးစက်ထင်ရှားပြီး အချိုးကျတဲ့ မျက်နှာအစိတ်အပိုင်းတွေရှိတယ်လို့ပဲ တွေးခဲ့တာ။ အခု သေချာကြည့်မှ အတိတ်က ကျီကျန်းထျင်နဲ့ တော်တော်လေးတူတဲ့ အစိတ်အပိုင်းတွေကို သတိထားမိလာသလိုပဲ။

ကျီချီစန်း သူ့မားကို လှည့်ကြည့်လိုက်ပြီး ...
"ကျွန်တော့် ပါးကို သိတာလား"

ကုယွမ်တစ်ယောက် သူမရင်ထဲက အိုင်ဒေါရဲ့ပရိတ်သတ်တစ်ယောက်လိုခံစားချက်တွေကို ထုတ်မပြောနိုင်ပါဘူး။ ကျီကျန်းထျင်လို လူမျိုးနဲ့ယှဥ်လိုက်ရင် သူမက သာမန်မိန်းကလေးတစ်ယောက်သာ ဖြစ်တယ်လေ။

သူမ အိပ်ပျော်နေရာကနေ နိုးလာလာချင်းဘဲ ကျော်ကြားတဲ့ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဘဝထဲ မရည်ရွယ်ဘဲ ဆက်နွယ်လာခဲ့မိတယ်။ သူမရဲ့အာဏာရှင်ဆန်တဲ့ စီအီးအိုသားလေးကိုကြည့်ပြီး အံသြမိသလို နည်းနည်းလည်း ကြည်နူးနေမိတယ်။ထို့နောက် သူမ အသာအယာ ချောင်းဟန့်လိုက်ပြီး "သိတာပေါ့။ မား သူ့ကို အရင်က သတင်းစာထဲမှာ မြင်ဖူးတယ်လေ"

ကျီချီစန်း ထွေထွေထူးထူးမပြောဘဲ ခေါင်းညိတ်လိုက်ပြီး ကုယွမ်နဲ့အတူ ဗီလာထဲ လမ်းလျှောက်သွားတယ်။ ဗီလာထဲ ရောက်တဲ့အခါမှာတော့ အထက်တန်းစားရောင်ဝါတွေ တောက်ပနေတဲ့
ဧည့်ခန်းနှင့်အတူ စျေးကြီးမှန်းသိသာနေတဲ့ ပရိဘောဂ ပစ္စည်းများနဲ့ သူမခြေထောက်အောက်က လက်ရာမြောက်လှတဲ့ ကော်ဇောတို့ကြောင့် ကြက်သေသေသွားရတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now