Chapter 58 (အလှဓာတ်ပုံ)
အမဟူလည်း သေချာလေး လော့ကျွင်းထျန်ကို ကျေးဇူးတင်လိုက်ပြီး လော့ကျွင်းထျန်ကတော့ သူ့မန်နေဂျာက မိတ်ကပ်ဆရာနဲ့ ဓာတ်ပုံဆရာတို့အား ကုယွမ်ရဲ့ အပြင်အဆင်ကို သေချာစဉ်းစားကြဖို့ ပြောနေပါတယ်။
ကုယွမ်ကတော့ တကယ့်ကို မမျှော်လင့်ထားတဲ့အရာနဲ့ ကြုံတွေ့နေရတာပါ။ သူမကို ကူညီပေးခဲ့တာရော၊ WeChat acc လာအပ်တာရောက အရမ်းထူးဆန်းနေသလို ဒါကလည်း အရမ်းထူးဆန်းနေပါတယ်။
အကြောင်းအရင်းတော့ ရှိရမယ် မဟုတ်လား။
တစ်မိုးအောက် လော့ကျွင်းထျန်က သူမကို စိတ်ဝင်စားနေတာတော့ မဟုတ်လောက်ပါဘူးနော်။
လော့ကျွင်းထျန်တစ်ယောက် အူတူတူ အ,တတလေးဖြစ်နေတဲ့ ကုယွမ်ရဲ့မျက်နှာကို ကြည့်ပြီး သဘောကျစွာ ရယ်ပါတော့တယ်။
“ဘာလဲ။ ကိုယ် ဘာလို့ မင်းကိုကူညီတာလဲလို့ စဉ်းစားနေတာလား”ကုယွမ် : “ဟင် … ဟုတ်၊ ဟုတ်တယ်”
လော့ကျွင်းထျန် : “မင်းရော ဘယ်လိုထင်လဲ”
ကုယွမ် : “ကျွန်မရဲ့ မိသားစုဝင်တွေက ဒီလောကမှာ ကိုယ့်ခံစားချက်ကို ထုတ်မပြောနဲ့လို့ ပြောတယ်။ ရှင်၊ ရှင်က တကယ့်ကို ခန့်ညားချောမောပြီး အရှိန်အဝါကြီးတဲ့သူတစ်ယောက်ပါ”
ကုယွမ် သူမ စိတ်ထဲမှာရှိတဲ့အတိုင်း ပြောလိုက်တယ်။
ဒီစကားကိုကြားပြီးနောက် လော့ကျွင်းထျန်တစ်ယောက် ခဏတိတ်ဆိတ်နေပြီးမှ ရယ်မောကာ ပြန်ပြောတယ်။
“အကြောင်းပြချက်ကတော့ မရှိဘူးကွ။ မင်းကိုမြင်ရတာ အရမ်းပျော်ဖို့ကောင်းပြီး ဒီအတိုင်း မိတ်ဆွေရင်းတစ်ယောက်လို မြင်နေမိတာ ဒီလောက်ဆို ကူညီပေးရမယ့် အကြောင်းပြချက် လုံလောက်ပြီလား”ကုယွမ် ထိတ်လန့်စွာ စဉ်းစားမိပါတယ်။ ဒါကရော သူမရဲ့သားတွေထဲက တစ်ယောက် ဖြစ်နေမလား။
ဒါပေမယ့် ဒီမေးခွန်းကို မေးဖို့ရာ ရိုင်းရာကျမယ်လို့ထင်တယ်။
ဒီလောက်နာမည်ကြီး စူပါစတားကို ဘယ်လိုလုပ်မေးရမှာလဲ။
လော့ကျွင်းထျန် (ညင်သာစွာ) : “ကိုယ့် မိတ်ကပ်ဆရာက ဓာတ်ပုံဆရာနဲ့ ဆွေးနွေးပြီးသွားပြီထင်တယ်။ မင်း မိတ်ကပ်ပြင်တော့လေ”