Chapter 51

4.1K 494 3
                                    

Chapter 51

ဟော်စစ်ကျားရဲ့ မူမမှန်မှုကြောင့် အချို့ မိန်းကလေးတွေက စိတ်ဝင်တစား နားစွင့်လိုက်ကြပေမယ့် ဖုန်းရဲ့ ကောင်းမွန်တဲ့ အရည်အသွေးကြောင့် သူတို့ ဘာသံမှ မကြားရပါဘူး။

ဟော်စစ်ကျားရဲ့ မျက်နှာက ဖြူဖျော့နေပြီး သူမရဲ့ဖုန်းကို လွှတ်ချလိုက်ကာ အလျင်စလိုဖြင့် ဘေးကပ်လိုက်တယ်။

အခြားမိန်းကလေးတွေလည်း စကားပြောတာ ရပ်လိုက်ကြပြီး အချင်းချင်းကြည့်လိုက်ကြတယ်။

ကုယွမ် သံသယဖြင့် ချန်ယုတင်းနဲ့ ဝမ်ယွဲ့ဟန်ဆီကို လျှောက်သွားလိုက်တယ်။
"ဘာမှားနေလို့လဲ။ နင်တို့ လက်ဆောင်ကို အရမ်းကြိုက်တယ်၊ မဟုတ်ဘူးလား။ ဘာလို့ ငါ့ကို ပြန်ပေးရတာလဲ"

တကယ်ပဲ ဟော်စစ်ကျား ပြောသလို လက်ဆောင်က အရမ်းစျေးပေါနေလို့ အခန်းဖော်နှစ်ယောက်က လက်မခံတာလား။ မဖြစ်နိုင်ဘူး။ သူမရဲ့ သား၊ ချီစန်းက အမြဲတမ်း ယုံကြည်စိတ်ချလို့ရတယ်။

သူမ ဘယ်လိုလုပ်ပြီး သူမကို အရူးလုပ်မှာလဲ။ အဲ့ဒါက စျေးပေါနေရင်တောင် သူမကို အရှက်ရစေတဲ့ အထိတော့ ဖြစ်မှာ မဟုတ်ဘူးလေ။

ချန်ယုတင်းနဲ့ ဝမ်ယွဲ့ဟန် တို့ ပြုံးလိုက်ကြပြီး ကုယွမ်ကို မျက်စိတစ်ဖက် မှိတ်ပြတယ်။

ကုယွမ် မျက်ခုံးပင့်လိုက်မိတယ်။ သူတို့ မျက်စိမှိတ်ပြတာက ဘာကိုဆိုလိုချင်တာလဲ။

ချန်ယုတင်း အသံတိုးတိုးဖြင့် "ဟော်စစ်ကျား ဘာဖြစ်တာလဲဆိုတာ အရင်ကြည့်ကြတာပေါ့"

ဝမ်ယွဲ့ဟန် : "ဟုတ်တယ်။ သူမ ဘာဖြစ်သွားတာလဲ မသိဘူးနော်"

ကုယွမ်ကြည့်လိုက်တော့ ဟော်စစ်ကျားရဲ့ မျက်နှာက ဖြူဖျော့နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို နံရံပေါ် မှီထားတာကို မြင်လိုက်ရတယ်။

သူမရဲ့ဖုန်းတောင် ပြန်မကောက်နိုင်ဘူးဆိုတော့ ကိစ္စကြီးတစ်ခု ဖြစ်ဖို့များတယ်။

ဘာဖြစ်လို့ပါလိမ့်။ ကမ္ဘာပျက်တော့မှာများလား။

ဟော်စစ်ကျားရဲ့ အခုပုံစံက သနားစရာ ကြက်ကလေး တစ်ကောင်လိုဖြစ်နေပြီး သူမရဲ့ဝိဉာဥ်က ပျောက်ဆုံးနေပုံပေါ်နေတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now