Chapter 113

3.1K 309 1
                                    

Chapter 113

ကုယွမ်ဟာ သူမရဲ့ သားတွေကို အားနာနေခဲ့တယ်။ သူ ဘာတွေများ သားတွေကို ပေးခဲ့ဖူးလို့ သားတွေက သူမအပေါ် သည်လောက် ကောင်းရတာလဲ။

အဲ့သည့်နောက် သူမ လှဲနေတုန်း WeChat ကနေ စာတစ်စောင် ဝင်လာခဲ့တယ်။ စာကတော့ ဟော်ကျင်းချန်ဆီကပါ။
“မိန်းကလေး ကု၊ ပျော်ရွှင်စရာ မွေးနေ့လေးပါနော်”

“ကျေးဇူးတင်ပါတယ် မစ္စတာ ဟော်။ လန်တင်း ဂျီကျထားတာကို လုပ်ပေးလို့ ကျွန်မလည်း ကျေးဇူးတင်ပါတယ်”

မစ္စတာ ဟော်ဟာ ဘာမှမပြောပဲ အီမိုဂျီတစ်ခုပဲ ပို့လိုက်တယ်။ သူမ ဘာလို့ သူနဲ့ စကားပြောနေရတာပါလိမ့်။

အဲ့သည့်နောက် စကားဆက် မပြောတော့ဘူးလို့ ထင်ခဲ့ပေမယ့် နောက်ထပ် စာတစ်စောင် ရောက်လာခဲ့ပါတယ်။
“မိန်းကလေး ကုတို့၊ အုပ်စုဖွဲ့ စကားပြောခန်းရှိတယ်ဆို ...”

ကုယွမ် : “ ... ”

ဒါ လန်တင်းကများ သူ့ အဖေကို ပြောပြထားတာလား မသိပါဘူး။ အုပ်စုဖွဲ့ စကားပြောခန်းမှာ သူ မစ္စတာ ဟော် အကြောင်းတွေ ပြောထားဖူးတယ်။ ဒါကြောင့် ကုယွမ်က ပြန်မေးလိုက်တယ်။
“သားတွေနဲ့လား၊ သားတွေရဲ့အဖေတွေနဲ့ ဖွဲ့ထား
တဲ့ဟာလား၊ မစ္စတာ ဟော်”

ဟော်ကျင်းချန်း : “အဖေတွေချည်း စုဖွဲ့ထားတာလေ”

ကုယွမ် : “သြော်၊ ကျွန်မတို့ အဲ့ gp ကို သိပ်မသုံးဖြစ်ဘူး ရှင့်”

ဟော်ကျင်းချန် : “မိန်းကလေး ကုက ကျွန်တော့်ကို အဲ့ထဲ မဝင်စေချင်လို့လား”

ကုယွမ် : “မဟုတ်ပါဘူးရှင်။ အခု ထည့်ပေးမယ်နော်”

အဲ့သည့်နောက် ဟော်ကျင်းချန်က gp ထဲ ဝင်သွားပြီဆိုတာနဲ့ အားလုံးက နှုတ်ဆက်ကြတယ်။

နျဲ့နန်ချင်း : “မင်္ဂလာပါ၊ မစ္စတာဟော်”

ကျီကျန်းထျင် : “ဟာ၊ မစ္စတာဟော် ရောက်လာပြီပေါ့။ အားတဲ့ တစ်နေ့ ကျွန်တော်တို့အတူတူ ဂေါက်ဖ် သွားရိုက်ရအောင်လေ”

ဒေါက်တာ လော့ : “မင်္ဂလာပါ”

ဟော်ကျင်းချန်တစ်ယောက် အားလုံးကို တစ်ကြောင်းစီ ပြန်နှုတ်ဆက်ခဲ့ပါတယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now