Chapter 122

2.8K 275 2
                                    

Chapter 122 (သူမက ဘစ်ရှော့ကြီး သုံးယောက်ရဲ့ အမေ)

အချို့လူတွေက ပြီးခဲ့တဲ့ ခြောက်လအတွင်း အမေနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွေကို ကောက်နုတ်လာကြတယ်။

အဖြစ်အပျက်တိုင်းက ဆင်တူနေတာကို တွေ့သွားကြလေရဲ့။

ပထမဆုံး ကျီချီစန်းက သူရဲ့ချစ်သူဆိုပြီး သတင်းထွက်တဲ့ မိန်းကလေးတစ်ယောက်ကို အရမ်းကာကွယ်ပေးနေပြီး တကယ်တော့ ထိုမိန်းကလေးက သူ့အမေဖြစ်နေခဲ့တယ်။ ကျီးကျန်းထျင်ကလည်း သူမက ကျီချီစန်းရဲ့ အမေဖြစ်ကြောင်း ဝန်ခံခဲ့တယ်။

နောက်တော့ Bararina ပရဟိတလေလံပွဲမှာ နျဲ့ယွီက မိန်းကလေးတစ်ယောက်အတွက် ကြယ်သရဖူကို လေလံဆွဲပေးခဲ့တယ်။ လူတိုင်းက သူလက်ထပ်ခွင့်တောင်းတော့မယ်လို့ ထင်နေချိန်မှာ ထိုမိန်းကလေးက သူ့ရဲ့အမေဆိုပြီး ကြေညာခဲ့တယ်။

အခု မိန်းမငယ်လေးတစ်ယောက်ဆိုတဲ့ သီချင်းက လော့ကျွင်းထျန်ရဲ့ စတိုင်နဲ့ ဆင်တူနေတယ်ဆိုပြီး သတင်း ထွက်လာတယ်။ လူတွေက သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို ခန့်မှန်းနေချိန်မှာ ချက်ချင်းဆိုသလို လော့ကျွင်းထျန်က ထွက်လာပြီး ကုယွမ်ကို သူ့အမေဖြစ်ကြောင်း ကြေညာလိုက်ပြန်တယ်။

အင်တာနက်သုံးစွဲသူတွေမှာ ရှေ့ကဖြစ်ရပ်နှစ်ခုရဲ့ မှုန်ဝါးဝါးပုံတွေကို ကုယွမ်ရဲ့ ရှေ့ပိုင်းဓါတ်ပုံတွေနဲ့ ယှဥ်ကြည့်ကြပြီးနောက် လူတိုင်း ရှော့ရကုန်တယ်။
ဓါတ်ပုံထဲက လူက တစ်ယောက်တည်း ဖြစ်နိုင်တယ်လား။

ကုယွမ်ရဲ့ Weibo ကို လော့ကျွင်းထျန်၊ ကျီချီစန်းနှင့် နျဲ့ယွီတို့ ပြန်တင်ကြတာကို သတိရသွားတော့ နောက်ဆုံးအဖြေက လူတိုင်းရဲ့မေးကို မြေကြီးအထိ ပြုတ်ကျစေခဲ့ပါတယ်။

"ကြည့်ပါဦး၊ ဘယ်လိုတောင် အံ့သြစရာကြီးကို ရှာဖွေ တွေ့ရှိခဲ့တာလဲ"

ရုတ်တရက် အင်တာနက်သုံစွဲသူတွေက အသေးစိတ်အချက်အလက်တွေကို ဖော်ထုတ်လာကြပြီး အတွင်းလူတွေကလည်း ကျီချီစန်းနဲ့ နျဲ့ယွီက အမေတစ်ယောက်တည်း ဆိုတဲ့ သတင်းကို အတည်ပြုပေးခဲ့တယ်။

"နင်တို့ ယုံချင်ယုံ မယုံချင်နေ၊ ဘာပဲဖြစ်ဖြစ် ငါကတော့ ယုံတယ်။ ငါ့ရဲ့ယောက္ခမက ဘစ်ရှော့ကြီး သုံးယောက်ရဲ့ အမေဖြစ်နေတာပဲ"

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now