Chapter 110

3.2K 352 4
                                    

Chapter 110 (ဟော်ကျင်းချန်ရဲ့ ပြောင်းလဲမှု)

ဟော်ကျင်းချန်ဟာ သူ့သားအနေနဲ့ ကုယွမ်ဆီက မျက်နှာရဖို့ ကြိုးစားနေတယ်ဆိုတာ သိပါတယ်။

သူ့ခမျာ ရယ်ချင်ပေမယ့် ရယ်တောင် မရယ်ရက်ပါဘူး။ ပြီးတော့ သူ့သား ဖြစ်စေချင်တဲ့ မှန်သမျှကို လုပ်ပေးခဲ့တယ်။ စိတ်ရောဂါကု ဆရာဝန်ကို လိုချင် တယ်ဆိုတော့လည်း ချက်ချင်း လုပ်ပေးရတာပါပဲ။

ကံကောင်းတာက ကျွင်းထျန်နဲ့ ပီတာဆန်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူ တည့်စွာ စကားပြောဖြစ်ကြတယ်။

ဒါပေမယ့် ပီတာဆန်ဟာ မပြန်ခင်မှာ ဟော်ကျင်းချန်နဲ့လည်း အချိန်ကြာကြာ စကားပြောခဲ့ပါသေးတယ်။

ဟော်ကျင်းချန်ဟာ ပြုံးရယ်ပြီး မေးလိုက်တယ်။
“ပီတာဆန်၊ ခင်ဗျား နောက်ဆုံးတော့ ဝန်ထုပ်ကြီးကျသွားပြီပေါ့၊ ဟုတ်လား”

ပီတာဆန်တစ်ယောက် ခဏအံ့ဩသွားခဲ့တယ်။

ဟော်ကျင်းချန်ဟာ ပီတာဆန်နဲ့ ရှစ်နှစ်ကြာ ဆွေးနွေးခဲ့ပေမယ့် လုံးဝ အကျိုးရလာဒ်ကောင်း မရခဲ့ပါဘူး။ အခုမှ နှစ်ယောက်လုံး သက်ပြင်းချနိုင်တော့တယ်။

ပီတာဆန် ပြန်သွားပြီးတဲ့နောက် ဟော်ကျင်းချန်ဟာ သူ့အဖေဆီ ဖုန်းဆက်လိုက်တယ်။
“ပါး၊ ကျွန်တော် ငယ်ငယ်လေးကတည်းက မိဘ စကားနားထောင်ပြီး မိဘရဲ့သဘောအတိုင်း နေပေးခဲ့တယ်နော်၊ ဟုတ်တယ် မလား”

“ဟုတ်တယ်” လို့ သူ့အဖေက ပြောလိုက်တယ်။ တကယ်တော့ ဟော်ကျင်းချန်ဟာ သူ့အတွက် အကောင်းဆုံး သားတစ်ယောက်ပဲလေ။

“ကျွန်တော်က အရမ်းပြည့်စုံနေတာကြောင့် ဘယ်လို ချို့ယွင်းချက်ကိုမှ လက်မခံနိုင်ခဲ့ဘူး။ အဲ့တော့ လူတိုင်းက လက်ထပ်ကြတယ်ဆိုတော့လည်း ကျွန်တော် လက်ထပ်လိုက်တယ်။ အချစ်ဆိုတဲ့အရာကြီး မပါဘဲနဲ့ပေါ့”

ဟော် မိသားစုအနေနဲ့ သားဖြစ်သူက သည်လိုတစ်ခါမှ မပြောဖူးတဲ့အတွက် အရမ်းထူးဆန်းနေပါတယ်။

အခု သားဖြစ်သူ လန်တင်းက သူ့ကိုလက်ထပ်စေချင်နေတဲ့အတွက် သူ ပြန်စဉ်းစားဖို့ ဆုံးဖြတ်လိုက်တယ်လေ။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now