Chapter 174

2.2K 201 1
                                    

Chapter 174 (ဟော်မိသားစု)

လမ်းတစ်လျှောက် အပျော်ဆုံးလူသားလေး ဟော်လန်တင်းမှာ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေခဲ့တယ်။

ကုယွမ်က သူ့ကို အဲ့လိုမြင်တော့ ထိုကလေးကို ပထမဆုံးစတွေ့ခဲ့တဲ့ အချိန်ကို သတိရလာတယ်။
လူကြီးလေးတစ်ယောက်လို စကားပြောရင် လက်ကို နောက်ပစ်ထားတဲ့ ဝက်ဝံပေါက်လေး။

အခုတော့ ကလေးတစ်ယောက်နဲ့ ပိုတူသွားပြီ။
ဆော့ကစားပြီးနောက် ပင်ပန်းနွမ်းနယ်စွာ အိပ်ပျော်သွားတယ်။

ဟော်ကျင်းချန်က ကုယွမ်ကို ဟော်မိသားစုအကြောင်း ပြောပြရင်း သူမရဲ့ စိတ်ကို ကြိုတင်ပြင်ဆင်နိုင်ဖို့ ကူညီပေးနေတယ်။ ကုယွမ် ဂရုတစိုက် နားထောင်ရင်း အိပ်ပျော်သွားခဲ့တယ်။

လေယာဥ်က ဆင်းသက်တဲ့အချိန်မှာ သူမ ပြန်နိုးလာခဲ့တယ်။ လေယာဥ်ပေါ်က ဆင်းလာတော့ ဟော်ကျင်းချန်က သူမကို အဆင့်မြင့် ဇိမ်ခံကားကြီးတွေ စီတန်းနေတဲ့ နေရာကို ခေါ်လာခဲ့တယ်။

ထို့နောက် ဇိမ်ခံကားကြီးတွေ ဝန်းရံလျက် ဟော်မိသားစု အိမ်တော်သို့ သွားကြတယ်။

မိနစ် ၂၀ လောက်ကြာတော့ ဟော်မိသားစု အိမ်တော်ကို ရောက်လာခဲ့တယ်။
ကုယွမ်တစ်ယောက် အံ့အားသင့်သွားခဲ့တယ်။ ဟော်မိသားစု အိမ်တော်က သူမထင်ထားသလို ခမ်းနားကြီးကျယ်တဲ့ နန်းတော်တစ်ခုလို ဟုတ်မနေဘူး။

သာမန် ခြံဝန်းလေးတစ်ခုနဲ့ ရှေးဟောင်း တရုတ်ရိုးရာ အငွေ့အသက်တွေရှိတဲ့ အဆောက်အဦးတွေ ဖြစ်နေတယ်။

ခြံဝန်းရှေ့မှာ အရွယ်တင်တဲ့ စုံတွဲတစ်တွဲက မတ်တပ်ရပ်ပြီး သူမတို့ကို ကြိုနေခဲ့တယ်။

ကုယွမ်က အင်တာနက်မှာ ရှာထားတဲ့ ပုံတွေအရ သည်စုံတွဲဟာ ဟော်ကျင်းချန်ရဲ့ မိဘတွေ ဖြစ်ကြောင်း သိလိုက်ရတယ်။

ဟော်လန်တင်းက 'ဖွားဖွား' လို့ အော်ခေါ်ရင်း အပြေးအလွှား အမျိုးသမီးရဲ့ လက်မောင်းတွေထဲ ပစ်ဝင်လိုက်တယ်။
"ဖွားဖွားကို လွမ်းနေတာ"

မစ္စ ဟော်က ဟော်လန်တင်းကို ဖက်လိုက်ပြီးနောက် ကုယွမ်ကို အပြုံးတစ်ခုဖြင့် ကြည့်လိုက်တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now