Chapter 151 (နျဲ့ယွီရဲ့ပစ်ချက်)
ကုယွမ်ဟာ အိမ်ပြန်ရောက်တာနဲ့ ရေမိုးချိုးပြီး အ
ခန်းထဲမှာ ချီစန်းရဲ့စကားကို ပြန်ကြားယောင်နေ
ခဲ့တယ်။ဘာလို့ ချီစန်းက ရုတ်တရက်ကြီး တောင်းပန်ပါ
တယ်လို့ ပြောရတာပါလိမ့်။ သည်အကြောင်းကို
သိတော့ ရုတ်တရက် ချီစန်း လန့်သွားနိုင်တယ်
ဆိုတာ သိပါတယ်။ ဒါကို သူမအပြည့်အဝနား
လည်တာပေါ့။အဲ့နောက် ကုယွမ်ဟာ ချီစန်းဆီကို WeChat ကနေ စာပို့လိုက်တယ်။
မြက်စားရတာကြိုက်တဲ့ယွမ်ယွမ်လေး : “ချီစန်း၊
ကျေးဇူးတင်တယ်နော်။ များကြီးချစ်တယ်၊ သား
လေး”JQS : “မား၊ ကလေးကလားတွေ မလုပ်စမ်းပါနဲ့”
သည်စာကို မြင်တော့ သူမ ချီစန်းရဲ့ဖြစ်နေမယ့် မျက်နှာအမူအရာကို တွေးမိပြီး ရယ်မောလိုက်တယ်။
အဲ့နောက် သူမဟာ ညစာ စားဖို့ အောက်ထပ်ကို
ဆင်းလာခဲ့ပါတယ်။ဧည့်ခန်းမှာ နျဲ့ယွီနဲ့ လန်တင်းတို့က ကြောင်လေးတွေ တစ်ကောင်စီကိုင်ကာ ထိုင်နေတာကို တွေ့လိုက်ရတယ်။
လန်တင်း : “အေဗရာဟမ်လေး၊ မြှောင် လို့ အော်ကြည့်ပါဦး။ မင်းရဲ့ညီလေး မိုဟာမက်ကို သင်ပေး
လိုက်ဦး”လန်တင်းရဲ့ ကိုယ်ပေါ်က ကြောင်လေးက မြှောင် လို့
အော်လိုက်တယ်။နျဲ့ယွီက အားကျမခံ မိုဟာမက်ကို အော်ခိုင်းပေမယ့် မိုဟာမက် ကတော့ ပျင်းရိစွာ လှဲလျောင်းလျက်ရှိနေလေရဲ့။
ကုယွမ် : “နျဲ့ယွီနဲ့ လန်တင်း၊ ယင်ဖုန်းရော ဘယ် သွားနေလဲ”
နျဲ့ယွီ (ပြုံးလျက်) : “ယင်ဖုန်းလား၊ သူ အလုပ်ရှုပ်
နေလောက်မှာပေါ့”ကုယွမ် : “ဟမ်၊ သူက လန်တင်းကို ရူပဗေဒ သင်
ပေးချင်နေတာ မဟုတ်ဘူးလား”လန်တင်း : “ဟုတ်ပါဘူး။ အစ်ကို (၄) တော့ ပဟေဠိတွေ ဖြေရှင်းနေရလို့ ပျော်နေပြီနေမှာ”
ကုယွမ် : “နျဲ့ယွီနဲ့ လန်တင်း၊ မင်းတို့ ယင်ဖုန်းကို ဘာတွေလုပ်ထားကြတာလဲ၊ ပြော”