Chapter -20 ကမ်မလီနဲ့ ဆက်ဆံရေး
ကုယွမ် ကမ်မလီရဲ့ အခန်းတံခါးကို ခေါက်လိုက်တော့ အထဲကနေ ညုတုတုအသံလေးကို ကြားလိုက်ရတယ်။
"ဘယ်သူပါလဲ"ကုယွမ် : "ဟေး ... ကျွန်မပါ၊ ကုယွမ်"
အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့တော့ ကုယွမ်လည်း ထပ်မေးလိုက်ပါတယ်။
"ကမ်မလီ၊ အဆင်ပြေရဲ့လား"အသက်မပါသလို အသံတစ်သံ အခန်းထဲကနေ ထွက်လာခဲ့တယ်။
"အဆင်ပြေပါတယ်။ အခုပဲ ကျွန်မ တံခါးဖွင့်ပေးမယ်နော်"အဲဒီနောက် တံခါးပွင့်သွားပြီး တောက်ပစွာ လှပနေတဲ့ ကမ်မလီက တံခါးရှေ့မှာ ရပ်နေခဲ့ပါတယ်။ သူမရဲ့ ဆံပင်လိပ်ရှည်ကြီးဟာ သူမရဲ့ပုခုံးပေါ် ကပိုကရိုကျနေပြီး သူမရဲ့ ရင်သားဟာလှပစွာ ဖွံ့ဖြိုးနေတာကို တွေ့လိုက်ရပါတယ်။ သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်နဲ့ ခြေတံလေးတွေဟာလည်း ရှည်လျားလှပနေတာပေါ့။
ကုယွမ် ကမ်မလီကို အားကျစွာ ကြည့်လိုက်ပါတယ်။ သူမ ဟိုကော်ဖီအကြောင်းပြောလိုက်တုန်းက ကမ်မလီ ဘယ်လောက်တောင် ရှက်နေမလဲဆိုတာ တွေးမိတော့ ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိသလို ခံစားလိုက်ရတယ်။
"ကမ်မလီ ဟို…. တကယ်တော့လေ... ကျွန်မ ဟိုနေ့ကအဖြစ်အပျက်ကိုတောင်းပန်ချင်နေတာ။ ကျွန်မက အဲ့တုန်းက ဘာဆို ဘာမှမသိခဲ့လို့ပါ။ အခု ကျွန်မ ရှင့်ကို တောင်းပန်ချင်လို့ပါ"ဒီစကားကိုကြားတော့ ကမ်မလီဟာ နူးညံ့လှတဲ့ သူမရဲ့အသားအရည်ကိုကြည့်ပြီး မျက်လုံးတွေကို အကြည့်လွှဲပစ်လိုက်တယ်။ အဲဒီနောက်ချစ်စရာကောင်းတဲ့ အပြုအမူလေးနဲ့ ပြောတယ်။
"ရပါတယ်။ တို့က ဒါတွေစိတ်ထဲ မထားဘူးရယ်။ အရေးမှ မကြီးဘဲ"ကမ်မလီ စကားကိုကြားတော့ ကုယွမ် တကယ်ပျော်သွားခဲ့ပါတယ်။
"ကျေးဇူးတင်ပါတယ် ကမ်မလီရယ်။ ဒါပေမယ့် ကျွန်မ ရှင်းပြပါရစေဦး။ ကျွန်မ တကယ့်ကို အဲ့ကော်ဖီအကြောင်းမသိတာပါ။ ဒါကြောင့်လည်း ကျွန်မ စပ်စုပြီး မေးလိုက်မိတာ။ကမ်မလီဟာ မျက်တောင်ရှည်ကြီးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး "ရပါတယ်၊ ဘာမှမဖြစ်ဘူး။တို့က စိတ်ထဲတောင် မရှိတော့ဘူး"