Chapter 100 (ကျွင်းထျန်ရဲ့အိမ်မက်ဆိုး)
ရေသောက်ပြီးတဲ့နောက် ကျွင်းထျန်တစ်ယောက် အနည်းငယ် တည်ငြိမ်စပြုလာပါပြီ။
ကုယွမ်ဟာ ကျွင်းထျန်ကို ထတယ်ဆိုရုံလေး ထူလိုက်ပြီးမေးတယ်။
"သက်သာရဲ့လား သား။ ဗိုက်ဆာနေပြီလား။ တစ်ခုခု စားမလား"
သားဖြစ်သူခမျာ အားအင်ချိနဲ့စွာ ကုယွမ်ကိုကြည့်လိုက်တယ်။
ပြီးတော့ "မား" လို့ ဖြေးညှင်းစွာခေါ်လိုက်တယ်။
ကုယွမ် : "ဘယ်လိုနေလဲ။ နေသာရဲ့လားဟင်"
ကုယွမ်ကတော့ သူ လှုပ်လိုက်ရင်တောင် နာသွားမှာ
စိုးလို့ ငြိမ်သက်စွာနေနေရပါတယ်။
တကယ်တော့ ကျွင်းထျန်ဟာ စိတ်ပူနေတဲ့ ကုယွမ်
ကို စိတ်မပူဖို့ ပြောချင်တာပါ။ ဒါပေမယ့် သူ့မှာပြောထွက်ဖို့ကို အားအလုံအလောက် မရှိခဲ့ဘူး။
ကုယွမ်ဟာလည်း ကာကွယ်ဆေးဆိုတဲ့ စကားလုံးကို လုံးဝ မပြောမိအောင် သတိထားနေရတာပေါ့။
ဒါနဲ့ပဲ ကုယွမ်ဟာ ကျွင်းထျန်ကို ကလေးတစ်ယောက်လို ထွေးပွေ့ထားလိုက်ရော။
ကျွင်းထျန်က အံ့ဩသွားခဲ့တယ်။ သူ့ထက် ပိုငယ်
နေတဲ့အမေက သူ့ကို ကလေးတစ်ယောက်လို ထွေး
ပွေ့နေတာကိုး ...
"မား"
အခုဆိုရင် ကုယွမ်ဟာ သားတွေအပေါ် အတော်လေးကို သံယောဇဉ်ဖြစ်နေမိပါပြီ။
သူမ နိုးထလာလာချင်း သူမမှာ သား ၅ ယောက်ရှိ
တယ်ဆိုတာ သိတုန်းကဆို ထွက်ပြေးချင်ခဲ့တာပါ။
သားအကြီးဆုံးကတောင် ၂၄ နှစ် ရှိနေတာကို သူမက လက်မခံနိုင်ခဲ့ဘူးလေ။
အခုတော့ လော့ကျွင်းထျန်ကို ကြည့်ပြီး သူမ သွေးသားလို ကလေးတစ်ယောက်လို မြင်နေပါပြီ။
"ကျွင်းထျန်၊ အဆင်ပြေသွားမှာပါ။ ဘာမှစိတ်မပူနဲ့နော်" လို့ ညင်သာစွာပြောလိုက်တယ်။