Chapter 176

2.2K 185 0
                                    

Chapter 176 (ဒါက ကျွန်မသား)

ကုယွမ်တစ်ယောက် ပြင်ဆင်လို့ပြီးသွားတော့ မွေးနေ့ပွဲစတော့မှာပါ။ ပထမဆုံး မစ္စ ဟော်နောက်လိုက်ကာ အကြီးအကဲတွေနဲ့ အထူးဧည့်သည်တွေကို နှုတ်ဆက်ရတယ်။

အစပိုင်းမှာ သူမ စိုးရိမ်ပူပန်နေခဲ့ပေမယ့် ခဏလေးအတွင်းမှာပဲ လိုက်လျောညီထွေ ဖြစ်သွားခဲ့တယ်။ မစ္စ ဟော်က သူ့ရဲ့ချွေးမလောင်းလေးကို အလွန့်အလွန် စိတ်ကျေနပ်နေတာပေါ့။

မနေ့က သူမကို အရမ်းရိုးရှင်းပြီး ငယ်ရွယ်လွန်းတယ်လို့ ခံစားရသဖြင့် မုန်တိုင်းတွေကို မတောင့်ခံနိုင်မှာ စိုးရိမ်ခဲ့တယ်။ ဒါပေမယ့် အခု သူမက အထူးဧည့်သည်တွေရှေ့မှာတောင် တည်တည်ငြိမ်ငြိမ်နဲ့ ပြောဆိုဆက်ဆံနိုင်တယ်။

ဟော်မိသားစု ခေါင်းဆောင်ရဲ့ ဇနီးလောင်း ပီသပါပေတယ်။

သည်နှစ် မွေးနေ့မှာ သူမရဲ့သားက  လက်ဆောင်ကောင်းလေးတစ်ခု ပေးခဲ့တာပဲ။ သူမ သည်နေ့လို သက်တောင့်သက်သာခံစားချက်မျိုး မရှိခဲ့ဖူးဘူး။

ဟော်မိသားစုဝင်တွေရဲ့ ဇနီးတွေကလည်း မစ္စ ဟော်ကို စကားလာပြောရင်း ကုယွမ်ကို ချီးကျူးကြတယ်။
"မစ္စ ကုက တကယ်အပြုအမူကောင်းလေးတွေ ရှိတာပဲ၊ ကျင်းချန် သဘောကျတာ မထူးဆန်းတော့ပါဘူး"

"ကျင်းချန် အရင်တုန်းက တစ်ခါမှ ရည်းစားမထားခဲ့ဖူးဘူး၊ သူက အချစ်အကြောင်း ဘာမှကို မသိတာ"

"ဟုတ်တယ်၊ ကျင်းချန်က ငယ်ငယ်ကတည်းက သူ့ကိုယ်သူထိန်းချုပ်နိုင်စွမ်း ကောင်းတယ်၊ သူ့ရဲ့ခံစားချက်တွေကို မဖော်ပြဘူး၊ မစ္စ ကုနဲ့ တွေ့မှ အချစ်ဆဲလ်တွေ နိုးထလာတာ"

ထိုစကားလုံးတွေကြားတော့ မစ္စ ဟော် ပိုပြီး ပျော်ရွှင်လာပေမယ့် သူမရဲ့မျက်နှာမှာ သိသာအောင်မဖော်ပြခဲ့ပါဘူး။
"ကျွန်မ စိတ်ချထားလို့ရပြီ"

ဖန်းကွေ့ရူက အနည်းငယ် မပျော်ရွှင်ပေမယ့် ဘာမှမပြောဘဲ ကုယွမ်ကို ကြည့်နေခဲ့တယ်။
သည်မိန်းကလေးက ဘယ်ကလာတာလဲ။
ဘယ်လိုလုပ်ပြီး ကျင်းချန်ရဲ့ ချစ်သူ ဖြစ်လာတာလဲ။

ကျင်းချန်ရဲ့ ရောဂါက ချက်ချင်း သက်သာလာဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သည်မိန်းကလေးရဲ့ ရည်ရွယ်ချက်က ဟော်မိသားစုရဲ့အဆင့်အတန်းလား။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now