Chapter 135

2.7K 286 2
                                    

Chapter 135 (အမေနဲ့အတူနက္ခတ်တာရာလေ့
လာခြင်း)

ကုယွမ်ဟာ သူမ ဘာလုပ်ပေးရမယ်ဆိုတာ နားမလည်ပေမယ့် သားရဲ့စကားအတိုင်း အခန်းထဲမှာ နာခံစွာ ရပ်နေခဲ့တယ်။

တစ်ခန်းလုံးမှာရှိတဲ့ ပစ္စည်းတွေဟာ ကုယွမ်မသိတဲ့
ပစ္စည်းတွေချည်းပဲ။

ကျန်းယင်ဖုန်းဟာ ကုယွမ်ကို လေသာဆောင်ဆီ
ခေါ်သွားပြီ တယ်လီစကုတ် မဟုတ်တဲ့ အရာတစ်ခု
ကို ကောက်ကိုင်လိုက်ပါတယ်။

အဲ့အချိန်မှာ ယင်ဖုန်းရဲ့မျက်လုံးဟာ စိတ်အားထက်သန်မှုတွေနဲ့ ပြည့်နှက်နေတာကို တွေ့လိုက်ရ
တယ်။

ခဏကြာတော့ သူဟာ လေ့လာရေးမှန်ပြောင်း
ကို ကုယွမ်ဆီ လှမ်းပေးလိုက်တယ်။

ကုယွမ်ကလည်း ခပ်မြန်မြန်ယူလိုက်ပါတယ်။

အဲ့နောက် ယင်ဖုန်းဟာ ပစ္စည်းတွေကို တစ်ခုချင်း
သေချာရှင်းပြနေတာပေါ့။

ကုယွမ်ခမျာ ဘာမှနားမလည်နိုင်ပဲ ငြိမ်သက်စွာနားထောင်နေခဲ့ရလေရဲ့။

ကျန်းယင်ဖုန်း : “ခဏနေရင် ကြယ်တာရာတွေကို
ဒါလေးနဲ့ကြည့်လို့ရတယ်”

ကုယွမ် : “ဒါဆို မှတ်ရမယ့် ဒေတာတွေကရော”

ကျန်းယင်ဖုန်း : “မှတ်စရာ မလိုတော့ဘူး”

ဟမ်??!!!

ကုယွမ်တစ်ယောက် ဘာမှ စောဒက မတက်ဘဲ တယ်လီစကုပ်နဲ့ ကောင်းကင်ကို သေချာကြည့်လိုက်တယ်။
ကြယ်တွေနဲ့ တောက်ပနေတဲ့ ကောင်းကင်ကလွဲရင်
ဘာမှ စိတ်ဝင်စားစရာ မတွေ့တော့ စိတ်ညစ်သွား
တာပေါ့။

ယင်ဖုန်းကတော့ စိတ်ဝင်တစားနဲ့ ကြည့်နေလိုက်
တာများ ဘေးပတ်ဝန်းကျင်ကိုတောင် သတိမထားမိပုံပဲ။

ခဏကြာတော့ ယင်ဖုန်းဆီက အာမေဍိတ်သံထွက်
လာခဲ့တယ်။ ကုယွမ် ကြည့်လိုက်တော့ အမှုန်
တွေ တစုတဝေးကြီးကို တွေ့လိုက်ရပါတယ်။

ယင်ဖုန်း : “323*SDF23 အမှုန်တွေက အပြာရောင်နယ်ပယ်မှာ ရှိနေတယ်။ ဒါ ဘယ်လိုတောင် အံ့ဩစရာကောင်းတာပါလိမ့်”

ကုယွမ်လည်း သူ့သားရဲ့စကားကိုကြားပြီးနောက်
တစ်ခေါက် ထပ်ကြည့်လိုက်တယ်။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now