Chapter 88

3.8K 448 1
                                    

Chapter 88 (ဟော်လန်တင်းရဲ့ လက်ဆောင်)

ကောင်ငယ်လေးရဲ့ စကားလုံးတွေက နူးညံ့နေပြီး မဝံ့မရဲဖြစ်နေတဲ့ မျက်နှာသေးသေးလေးက ချစ်ဖို့ကောင်းနေတယ်။

ကုယွမ်တစ်ယောက် မနေနိုင်ဘဲ ရယ်မိတော့တယ်။

သူမ အရှေ့က မာနကြီးတဲ့ ဝက်ဝံပေါက်လေးက ဒေါသထွက်သွားမှာကို စိုးရိမ်မိပေမယ့် သူမ, မရယ်ဘဲ မနေနိုင်ဘူး။

ဟော်လန်တင်းရဲ့ မျက်နှာလေးက ချက်ပြုတ်ထားတဲ့ ပုစွန်ထုပ်လေးလို အနီရောင် ပြောင်းသွားတော့တာပေါ့။
"ခင်ဗျား…ခင်ဗျား…" 

သူ့ရဲ့ ပါးစပ်သေးသေးလေးကို ဖွင့်လိုက်ပိတ်လိုက်ဖြင့် ကုယွမ်ကို စိုက်ကြည့်ပြီး ရုတ်တရက် ခေါင်းလှည့်ကာ အဝေးကို ထွက်ပြေးသွားလေရဲ့။

"မပြေးနဲ့ ..."

ကုယွမ်က အလျင်အမြန် သူ့နောက်ကို လိုက်သွားခဲ့တယ်။ သည်ကောင်လေးက ကလေးပဲ ရှိသေးတာလေ။ လမ်းပေါ်မှာ တစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။

"ခင်ဗျား ကျွန်တော့်ကို လှောင်ရယ်တယ်"
ဟော်လန်တင်းက ဝမ်းနည်းစွာဖြင့် ပြောလိုက်တယ်။

"ငါက ဘယ်လိုလုပ် ကလေးတစ်ယောက်ကို လှောင်
ရယ်နိုင်မှာလဲ၊ ငါက အဲ့လိုလူမျိုးလား"
ကုယွမ်က အပြစ်ကင်းစင်စွာ ပြောလိုက်တယ်။

"ဒါဆို ဘာလို့ ခင်ဗျား ခုနက ရယ်နေတာလဲ"

"ဘာလို့လဲဆိုတော့ မင်းက ချစ်ဖို့ကောင်းလို့လေ"

"ဟမ့်…ခင်ဗျား အရင်ကပြောတော့ ကျွန်တော်က နည်းနည်းမှ ချစ်ဖို့မကောင်းဘူးဆို"
ဟော်လန်တင်းက သတိရသွားပြီး ဝမ်းနည်းစွာ ပြောလိုက်တယ်။

"အဲဒီအချိန်တုန်းက နူးညံ့ပြီးချစ်ဖို့ကောင်းတဲ့ကလေးတွေနဲ့ပဲ ကစားချင်ခဲ့တာ၊ ဝက်ဝံပေါက်လေးလို ကလေးမျိုးကို မုန်းတယ်"

"အိုး…"
ဟော်လန်တင်း အလျင်အမြန်ပဲ သူ့ရဲ့မြင့်မားတဲ့ အိုင်ကျူနဲ့ အဓိကအချက်ကို ခွဲခြမ်းစိတ်ဖြာလိုက်တယ်။

အဲ့တော့ သူဆိုးသွမ်းနေရင် သူမက မုန်းလိမ့်မယ်။ သူလိမ္မာရင် သူမက ကြိုက်လိမ့်မယ် လို့ဆိုလိုတာမလား။

ဘစ်ရှော့တွေက ဒူးထောက်ပြီး ငါ့ကို မားတဲ့ (Complete ✅)Where stories live. Discover now